အခန်း (၃၆)

5.2K 190 6
                                    

မခွဲအတူ...အပိုင်း(၃၆)

('နည်းနည်းပါးပါးပဲ..တအားကြီးမထိခိုက်စေနဲ့..'

'....'

'အေး..မင်းတောင်းသလောက်လွှဲထားပြီ..နှုတ်လုံပါစေ')

မီက သူမဖွင်​့ပြထားတဲ့အသံဖိုင်ကိုပိတ်လိုက်ပြီးနောက်...

'ကိုကို...ဒါကိုကို့လူယုံMikeအသံဆိုတာကိုကိုအသိဆုံးမလား..'

'မင်းယူလာတဲ့သက်သေဆိုတာ ဒါလား...အဟွန်းးး....Mikeအသံလေ...ငါ့အသံမဟုတ်ဘူး'

'ကိုကို...မီ ကိုကို့အနားမှာပဲ သေဆုံးသည်အထိနေသွားချင်ပါတယ်...ကိုကို့ကိုလည်း တစ်ယောက်ထဲအထီးကျန်စွာနဲ့မနေစေချင်ဘူး...ကျေးဇူးပြုပြီး တောင်းပန်ပါတယ်..မီ့တူလေးနဲ့တူမလေးအပေါ်ကိုကို့ကျေးဇူးတွေများလွန်းလို့..မီသူတိူ့ကိုတောင်းပန်ထားလို့...သူတိူ့တွေငြိမ်နေခဲ့ကြတာ...အိမ့်မှူးဘာလို့ က​နေဒါ
ကိုထွက်သွားတာလဲကိုကိုသိတယ်မလား...သူ့မောင်တစ်ယောက်လုံး လုပ်ကြံခံရတာတောင် သူဘာမှမတုန့်ပြန်နိုင်လို့..ထွက်သွားခဲ့တာ..ကိုကိုက...ကိုကို့သားအတွက်နဲ့...မီ့တူလေးကိုလုပ်ရပ်ခဲ့တယ်.....မီကတော့မိထွေးပေမယ့် သားစွမ်းထက်ခံစားနာကျင်နေရတာတွေကိုမကြည့်ရက်ဘူးကိုကို...အခုဆို အိမ့်မှူးကလည်းသူ့အိမ်ထောင်နဲ့သူသာယာနေသလို...သားငယ်ကလည်း ဖူးလေးနဲ့လက်ထပ်ပြီး သာယာတဲ့မိသားစုပိုင်ဆိုင်တော့မှာ...ဒါတောင် ကိုကိုက ကိုကို့သားအရင်းပျော်ရွှင်ဖို့လမ်းကို မခင်းပေးနိုင်ဘူးလား...ဒီအသံဖိုင်ကိုသာ...သားစွမ်းထက်သိသွားရင် ကိုကို့သားကိုအပြီးဆူံးရှူံးလိုက်ရလိမ့်မယ်...မီကိုကို့ကိုအသံဖိုင်နဲ့အကြပ်ကိုင်နေတယိလို့ ထင်ချင်ထင်လို့ရပါတယ်...မီဒါတွေလုပ်နေတာ...သား စွမ်းထက်ပျော်ရွှင်စေဖို့နဲ့...မီ...ကိုကို့နားမှာတစ်သက်လုံးအတူနေသွားချင်သေးလို့ပါ...ကိုကို...သားဖြစ်စေချင်သလ်ို..ဦးခန့်ညား
ကိုတောင်းပန်လိုက်ပါကိုကိုရယ်...နော်...'

မီကသာ...စကားတွေအများကြီးပြောနေပေမယ့်...မာနကြီးနေသူက တစ်ခွန်းမှမတုံ့ပြန်လာတဲ့အပြင်...စာဖတ်မပျက်...

'ကိုကို...'

'ငါစဥ်းစားထားမယ်...မင်းခရီးပမ်းလာတယ်မလား..နားတော့'

မခွဲအတူ(complete)Where stories live. Discover now