အခန်း (၁၈)

4.8K 209 20
                                    

မခွဲအတူ...အပိုင်း (၁၈)

ည ၁၁နာရီခွဲဆိုပေမယ့်..ရန်ကုန်မြို့ကြီးကတော့အသွားအလာမပြတ်ကြသေး..ကားသံတွေတဝီဝီနဲ့စည်ကားနေဆဲ....

ပန်ပန့်အဆောင်ရှေ့မှာ ကားရပ်ထားတာကြာပြီ...ပန်ပန်ကလည်း ကားပေါ်ကမဆင်းရသေးသလို..သူကလည်း..ကားစတီယာတိုင်ကိုကိုင်ကာ..ရှေ့တူရူက်ိုသာထိုင်ကြည့်နေဆဲ..ပန်ပန်ကသူ့ကိုကြည့်လိုက်..လက်ဖဝါးအချင်းချင်းပွတ်သတ်နေလိုက်နဲ့..ပန်ပန့်ဘက်ကစကားမှားပြီးကတည်းက စွမ်းထက်ကစကားတစ်ခွန်းမှမပြောတော့တာ..အဆောင်ရှေ့ရောက်တဲ့ထိ...ပန်ပန့်ဘက်ကမှားသွားတာသိပေမယ့်..သူ့ဘက်ကရုတ်တရက်ကြီးဆိုတော့...ပန်ပန်ရှက်လို့...မရည်ရွယ်ဘဲ စိတ်ထဲမပါဘဲ ပြောမိသွားတာ..သူစိတ်မကောင်းဖြစ်သွားလားမသိ..မျက်နှာအတည်ကြီးနဲ့ထိုင်နေတာမြင်​တော့..ပန်ပန်ကြောက်လို့ ဘယ်ကဘယ်လိုစကားစပြောရမှန်းလဲမသိ..တောင်းပန်ပါတယ် ပြောရအောင်ကလည်း..ကိုယ်ကအလိုမတူဘဲအနမ်းခံလိုက်ရတာကို တောင်းပန်ဖို့ဆိုတာကြီးက..နည်းနည်း တမျိုးကြီး...သူနမ်းပုံကပိုင်စိုးပိုင်နင်းကြီးနဲ့..မင်းသူနဲ့တောင်အဲ့လောက်ထိ ထဲထဲဝင်ဝင်ကြီးအနမ်းခံဖူးတာမဟုတ်...

(ဒါဆိုပန်ပန်နဲ့မင်းသူရဲ့ပတ်သတ်မှူကိုသဘောပေါက်ကျမယ်ထင်တယ်နော်)

ပန်ပန့်ဘက်ကတံခါးကိုသူမရိပ်မိအောင်မသိမသာဖွင့်ကြည့်တော့..lockချထားတာကြောင့်ဖွင့်လို့ကမရ..ဒီလ်ိုအခြေအနေကြီးက ရုန်းထွက်ချင်နေပြီ..နေရတာအသက်ရှူကြပ်လာသလို ချွေးတွေပါပြန်လာတော့မှ သူ့အကျီက ပန်ပန့်ပေါ်မှာ...သူ့အကျီကို ပန်ပန်ကပြန်မပေးသေးလ်ို့များ..ကားတံခါးမဖွင့်ပေးတာလား။ပန်ပန့်ကိုခြုံပေးထားတဲ့သူ့အကျီကို ဒီတိုင်းပဲပြန်ပေးလိုက်ရမလား..လျှော်ပြီးမှပေးရမလား...ဟင်းးးး။.

..ပန်ပန်မသိမသာသက်ပျင်းချတော့..သူကကြားသွားလားမသိ..ပန်ပန့်ကိုအံကြိတ်ထားတဲ့မျက်နှာကြီးနဲ့..လှည့်ကြည့်လာသည်..နဖူးကြောတွေတောင်ထောင်လို့....ပန်ပန်က ပြန်ကြည့်လိုက်တော့..ချက်ချင်းမျက်နှာလွှဲသွားပြန်သည် ..အော်...ဒီပုံအတိုင်းဆို ပန်ပန်ကပြန်တောင်းပန်ရမယ့်အဖြစ်...စကားမှားသွားတာသိပေမယ်လည်း..တောင်းပန်ဖို့ကိုဝန်လေးနေတာ.

မခွဲအတူ(complete)Where stories live. Discover now