အခန်း (၂၆)

5.3K 204 8
                                    

မခွဲအတူ...အပိုင်း (၂၆)

ပန်ပန့်ခန္ဓာကိုယ် တစ်ခုလုံးကိုင်ရိုက်ထားသလို တဆစ်ဆစ်နာကျင်နေမှူကြောင့်...ဆက်အိပ်လို့မရတော့...အထူးသဖြင့်ခန္ဓာကိုယ်အောက်ပိုင်းက...အိပ်နေရတာလစ်ဟာသလိုကြီးဖြစ်နေတာကြောင့်..ခြုံထားတဲ့စောင်ကိုလှပ်.​ကြည့်လိုက်တော့..သူမခန္ဓာကိုယ်မှာ အကျီနဲ့တူတာဆိုလို့ဘာမှမရှိ..ချက်ချင်းဆိုသလို...ရင်ခုန်သံတွေဆူညံသွားပြီး.မျက်ဝန်းတွေမှိတ်ချလိုက်ကာ..တုန်လှုပ်နေတဲ့စိတ်ကိုထိန်းချုပ်ပြီး....ညကဖြစ်ပျက်ခဲ့သမျှကို ပြန်စဥ်းစားမိတော့....

ဖူးနဲ့ စွမ်းထက်တိုင်ပင်နေတာတွေ ပန်ပန်အကုန်သိသည်...မူးနေတာမဟုတ်ဘဲ..ဆေးမိတာမလို့...ခန္ဓာကိုယ်က ဝေဒနါကိုခံစားနေရပေမယ့်...ပန်ပန်အကုန်ကြားနေရသည်...ကျေနပ်ပါတယ်...ပန်ပန့်ကျေးဇူးရှင်....ပန်ပန့်ရဲ့နှလုံးသားရဲ့တစ်စိတ်တစ်ဒေသထိဝင်ရောက်နေပြီဖြစ်တဲ့ အခက်အခဲရှိတိုင်းသူ့ကိုပဲတောင့်တမိ အားကိုးမိတဲ့သူ့ကို ပန်ပန့်ရဲ့အပျိုစင်ဘဝပေးလိုက်ရလို့ကျေနပ်ပါတယ်..

ပါပါးထောင်ထဲဝင်သွားကတည်းက ပန်ပန့်ဘဝပင်ပန်းခက်ခဲခဲ့ရတာ..သူနဲ့ဆုံတော့မှ အသက်ရှူချောင်လာခဲ့တာ..သူ့ဘက်ကတောင်းဆိုလာရင်တောင် ပန်ပန်လိုက်လျောပေးဖို့တွေးထားခဲ့တဲ့ထိ..သူ့ကျေးဇူးတွေကို ခန္ဓာနဲ့ရင်းပြီးဆပ်ဖို့စဥ်းစားထားတဲ့ထိ...တကယ်ကျေးဇူးတင်နေခဲ့တာ...ဒါတွေကို ဖူးကိုပြောပြထားလို့ ဖူးလဲသိထားပီးသား...ညက...ပေးလိုက်ရတယ်ဆိုတာကလည်း...ပန်ပန့်ကြောင့်...ပန်ပန့်ဘက်ကတွန်းအားပေးခဲ့မိလို့...

'အင့်....အဟင့်...'

ပန်ပန့်နောက်ကျောဘက်ကတအင့်အင့်ငိုသံကြောင့်လှည့်ကြည့်လိုက်တော့.ကုတင်ဘေးကခုံပုလေးမှာထိုင်ပြီးငိုနေတဲ့. ဖူး။.

'ဖူးး....'

လှုပ်ရှားလိုက်မိတာနဲ့နာလွန်းလို့ ပန်ပန့်မျက်နှာလေးကရှုံ့နေတော့..ပန်ပန်က ကုတင်ပေါ်တက်လာပြီး..ပန်ပန့်ကိုအသာပွေ့ထူပေးလာသည်...

'အင့်...ပန်ပန်....နိုးပြီလား...တအားနာနေလားဟင်....အီးးးး...ပန်ပန်...ငါလေ'

မခွဲအတူ(complete)Where stories live. Discover now