အခန်း(၂)

6.6K 232 8
                                    

🎼...🎼....🎼...🎼...🎼.

သာယာငြိမ့်ညောင်းနေတဲ့စန္ဒယားသံလွင်လွင်ဟာ..SKY club တစ်ခုလုံးကိုလွှမ်းခြုံထားသသည်။..club ထဲမှာရှိတဲ့ ဧည့်သည်အများစုမှာတချို့က..ပျံ့လွင့်နေတဲ့သံစဥ်တွေကြားထဲစီးမျောနေကြသလို...တချို့ကတော​့..ထိုသံစဥ်လေးတွေရဲ့ပုံဖော်သူကို မျက်တောက်မခတ်စတမ်း..ငေးမောကြည့်နေကြသည်။SKY clubက..တခြားclub လ်ို ဆူညံနေခြင်းမရှိဘဲ...သာယာငြိမ့်ညောင်းတဲ့စန္ဒယားသံစဥ်ချိုချိုလေးတွေနဲ့ဆွဲဆောင်ထားနိုင်တာ..ထို club ရဲ့ထူးခြားချက်ပင်။

ည၇နာရီမှ ၁၁နာရီအထိသာဖွင့်တာကြောင့်.. ထိုအချိန်အတွင်း အလွန်စည်ကားလှသလို...club ရဲ့ နေ့စဥ်တာဝန်ကျ waiter ,waiteressလေးတွေရဲ့ serviceကောင်းမွန်မှူ..လုပ်ငန်းပိုင်းကျွမ်းကျင်မှူတို့အပြင်..အစားအသောက်တွေအတွက်လည်း..ကျွမ်းကျင်စားဖိုမှူးများရဲ့စီစဥ်ညွှန်ကြားမှူကြောင့်..SKY club ဟာ..နာမည်ကြီးclubတစ်ခုဖြစ်နေတာမဆန်း...

ထိုထဲမှာမှ လာရောက်သူအပေါင်းစိတ်အဝင်စားဆုံးကတော့..face mask အုပ်ထားတဲ့စန္ဒယားတီးခတ်သူပင်...ဖယောင်းလိုဖြူနုသွယ်လျ​ေနတဲ့လက်ချောင်းလေးတွေ....ကျောလယ်ထိဖြန့်ချထားပြီး ဖြောင့်ဆင်းပြီးနက်ဆွေးနေတဲ့ဆံနွယ်ထူထူတွေ..အချိုးအစားပြေပြစ်လွန်းတဲ့ကိုယ်နေဟန်ထားနဲ့အတူ..ဝင်းမွတ်ကြည်စင်နေတဲ့အသားရည်တို့ရဲ့ပိုင်ရှင်..စန္ဒယားတီးခတ်သူရဲ့..မျက်နှာလေးက်ို တနေ့နေ့များမြင်တွေ့ရလေမလားဆိုတဲ့မျှော်လင့်ချက်တွေနဲ့ လာတဲ့ဧည့်သည်တွေလည်းအမြောက်အများ..ထိုထဲတွင် သိပ်မကြာသေးခင်ကမှ ထောင်ကထွက်လာတဲ့ သော်ဇင်
လည်းအပါအဝင်..သူငယ်ချင်းတွေရဲ့အစွယ်ကောင်းမှူဖြင့်..သူလည်းဒီclubက်ိုရောက်လာခဲ့ပြီး..စန္ဒယားတီးသူလေးက်ိုစွဲလမ်းသွားတာကြောင့်..နေ့တိုင်းဒီclubက်ိုရောက်ဖြစ်နေတဲ့အပြင်..waiter တွေ waiteressတွေနဲ့ပါရင်းနှီးနေပြီဖြစ်တာကြောင့်..တီးခတ်သူရဲ့ပုံသဏ္ဍန်အမှန်ကို စုံစမ်းကြည့်ပေမယ့်...clubပိုင်ရှင်ကလွဲဘယ်သူမှမမြင်ဖူးကြဟုဆိုကြသည်။

တီးခတ်မှူက်ိုသဘောကျလ်ို့ ချီးမြှင့်ငွေပေးပြီးအနားကပ်ဖို့ကြ်ုးစားကြသော်လည်း...ချီးမြှင့်ငွေက်ိုwaiteressလေးတစ်ယောက်ကသာတာဝန်ယူပေးနေတာကြောင့် အနားကပ်ခွင့်မရကြ။ထို့ပြင်ထို..တီးခတ်သူက ၇နာရီမှ ၉နာရီထိ..non stopတီးခတ်နိုင်တဲ့ တကယ့်ပါရမီရှင်လေး..သူမ အသွားအပြန်ကိုစောင့်ကြည့်ကြဖ်ို့ကြိုးစားကြပေမယ့်..သူမက ဘယ်နားကဝင်လာပြီး ဘယ်ကနေပြန်ထွက်သွားလဲမသိရအောင်ထိလျှို့ဝှက်လွန်းတာကလည်း..သူမရဲ့လုံခြုံရေးအရ clubပိုင်ရှင်ကတာဝန်ယူထားပေးခြင်း။လုံခြုံရေးတင်းကြပ်ထားတာကြောင့် ဒီclubမှာမူးရူးရမ်းကားသူမရှိသလို စိတ်အေးနားအေးအပန်းဖြေချင်ကြသူများသာအဓိကလာတတ်ကြသည်။

မခွဲအတူ(complete)Where stories live. Discover now