အခန်း (၂၅)

6.4K 227 24
                                    

မခွဲအတူ....အပိုင်း (၂၅)

စွမ်းထက် စကားသာပြောနေရတာ..ပန်ပန့်ကိုလှည့်ကြည့်.လှည့်ကြည့်လုပ်နေပေမယ့်.သူမက မိတ်ဆွေအသစ်တွေနဲ့အဖွဲ့ကျကာ..ပြုံးရယ်လို့ရယ်...အမြဲအဲ့လိုလေးပဲပြုံးနေပေးပါ ပန်ပန်..ဒီနေ့ကိုယ်ဝန်ခံတာ ကိုယ့်ခံစားချက်အစစ်အမှန်တွေဆိုတာ ပန်ပန်သိနိုင်လိမ့်မယ်လို့လည်းကိုယ်မျှော်လင့်နေပါမယ်...။

ထိုအချိန်သူတို့စကားဝိုင်းကိုဟိန်းညံရောက်လာပြီး...One company ရဲ့ ရှယ်ယာကိစ္စပြောမည်ဟုဆိုတာကြောင့်...တခြားသူတွေကသူတို့နားကအလိုက်တသိထွက်သွားပေးကြသည်။...ထိုကိစ္စကို စိတ်ဝင်စားသွားတာမလို့ ပန်ပန်တို့ဝိုင်းကိုရောက်နေတဲ့သူ့အာရုံက ဟိန်းညံဆီခဏရောက်သွားခဲ့သည်...

'စွမ်းထက်...One က ရှယ်ယာကိစ္စ.အဆင်ပြေသွားပြီ..ဒီမနက်ပဲအတည်ပြုလိုက်ပီ...မင်းစိတ်မပူနဲ့တော့..ငါက One မှာ ဒုတိယအများဆုံးရှယ်ယာရှင်ပဲ..'

'မိုက်လှချည်လား.. မင်းဘယ်လိုတောင်လှုပ်ရှားလိုက်တာလဲ'

'မင်းငါ့အကြောင်းသိရဲ့သားနဲ့...မနက်ဖြန်ရှယ်ယာရှင်တွေ တွေ့ဆုံဆွေးနွေးပွဲရှိတယ်...One ရဲ့ အတွင်းရေးကိစ္စတွေ မင်းစိတ်ချထားလိုက်...ငါ့တာဝန်ထား...မင်းတာဝန်က...ငါ့ပန်ပန်ကိုစိတ်ချမ်းသာအောင်ထားပေးဖို့ပဲ...ဒါနဲ့စွမ်း..မင်းအတည်ကြီးလား'

'အင်းးးး...အတည်'

'မင်းကွာ....တစ်မမ ဖြစ်ခဲ့တဲ့အချန်သိပ်မကြာသေးဘူး...အချစ်တွေပေါလိုက်တာ'

'..အင်းးးး...မင်းထင်သလိုလူတိုင်းငါ့ကိုထင်ကြတယ်..ငါလည်း ငါ့ကိုယ်ငါတကယ်အံ့သြနေတာ...(မ)ကိုငါချစ်တယ်ပဲထင်နေတာ...ပန်ပန်နဲ့ကျမှ အချစ်ဆိုတာဘာလဲ ငါသိလိုက်တာ..ပန်ပန်နဲ့ကျမှ ချစ်ခြင်းမေတ္တာဆိုတာ အခုလိုခံစားရတာပါလား ဆိုတာ ခံစားမိလာတာ...ဒီကပြန်တာနဲ့ငါဒယ်ဒီ့ကိုပြောတော့မှာ...ပန်ပန်နဲ့လက်ထပ်ဖို့ ပန်ပန့်ပါပါးဆီမှာလိုက်တောင်းပေးဖ်ို့..'

'ဟ....စွမ်းထက်...တကယ်ကြီး'

'အေးးးးတကယ်ကြီး....ငါ ပန်ပန်နဲ့အတူနေချင်ပီ...'

'ဖြစ်ပါ့မလား...မင်းဒယ်ဒီနဲ့ပန်ပန့် ပါပါးအခြေအနေက'

'အဲ့ဒါသူတို့အပိုင်း...ဘာပဲဖြစ်ဖြစ် ငါပန်ပန့်ကိုလက်ထပ်မှာ...အနှေးနဲ့အမြန်ပဲကွာမယ်'

မခွဲအတူ(complete)Where stories live. Discover now