အခန်း (၁၁)

4.5K 198 21
                                    


မခွဲအတူ..အပိုင်း (၁၁)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ဖြစ်သည်။

"ရောက်တာနဲ့ဖုန်းဆက်နော်..စိတ်ချမယ်''

"အင်းပါ..မမလည်း ဂရုစိုက်..တစ်ခုခုဆိုသားကိုဖုန်းဆက်..မပေနဲ့''

"အင်းပါ..ပညာစုံတတ်အောင်သေချာသင်ခဲ့နော်..ငွေကုန်ရကျိုးနပ်ပါစေ..စွမ်းထက် ကပေးတိုင်းအလွှတ်မဲ့မသုံးနဲ့''

"အင်းပါ..သိပါတယ်..ဒါဆိုသားသွားတော့မယ်..မမလည်းပြန်တော့..အိမ်ရောက်မှငိုမနေနဲ့နော်..''

"ငိုစရာလား..အရှုပ်ထုတ်တစ်ယောက်လျော့သွားတာကို''

ငိုစရာလားပြောတဲ့မမက အသံတွေတုန် မျက်ဝန်းတွေရဲလ်ို့..မမ ကိုပွေ့ဖက်နှစ်သိမ့်ပေးလိုက်ပြီး..

"သားလိမ္မာမှာပါ..စိတ်ချ....ပြန်တော့''

"လေယာဥ်ထွက်ပြီးမှသွားမယ်..''

"မမ...စွမ်းထက်ကို စိတ်မပျက်စေနဲ့နော်  ..အဲ့ကောင်.... မ ကို တကယ်ချစ်တာ''

"တော်ပါ..သူငယ်ချင်းတစ်ယောက်လုံးရပ်ဝေးသွားမှာကိုတောင်လိုက်မပို့တာကို ရှေ့နေလိုက်ပေးမနေနဲ့''

"သူညကလာသွားတယ်လေ..သားက်ိုသေချာပြောသွားတာ..သူဒီနေ့တကယ်မအားလို့တဲ့''

"ထားပါ..သွားတော့လေ..ကျန်းမာရေးဂရုစိုက်နော်..စိတ်ချမယ်''

"အင်းးး..မမ ရောပဲ..သားသွားပြီနော်''

သူမကိုနှုတ်ဆက်ပြီးတာနဲ့ချက်ချင်းကျောခိုင်းသွားကာ တချက်ကလေးမှလှည့်ကြည့်မသွားတဲ့ အသဲမာတဲ့ မောင်လေး.. စိတ်သစ်လူသစ်ပညာအစုံနဲ့ပြန်လာခဲ့ပါကလေးလေး..။မောင်လေးပါသွားတဲ့လေယာဥ်ထွက်သွားမှ သူမပြန်လာခဲ့သည်..ကားမောင်းရင်း တစ်လမ်းလုံးစဥ်းစားမိတာက စွမ်းထက်အကြောင်း..

စွမ်းထက်အခုတလော အချိုးတွေပြောင်းနေသည်ဟုထင်သည်..အရင်ကဆို သူမကိုတနေ့မတွေ့ရရင် သေမလ်ိုဖြစ်နေတဲ့သူက အခုသူမကိုလာမတွေ့တာ ၃ရက်ရှိပြီ.ဖုန်းတော့ပုံမှန်ဆက်ပါရဲ့..ဖုန်းဆက်တော့လည်း..အရင်ကနာရီဝက်လောက်စကားမရှိစကားရှာပြောတတ်တဲ့သူက အခုတော့အလွန်ဆုံးကြာ၅မိနစ် ဒီနေ့သော်ဇင် Parisသွားမယ်ဆိုတာသိရက်နဲ့...မောင်လေးနဲ့သူနဲ့အရမ်းခင်တာကို ဘာကိစ္စမလို့လိုက်တောင်မပို့နိုင်ရတာလဲ...။ငါ့လိုချင်လွန်းလှပါချည်ရဲ့ဆိုပြီးအတင်းကြ်ိုးစားခဲ့တာမင်းနော်..အခုတော့အချိုးတွေပြောင်းပြီပေါ​့.စွမ်းထက်..။မှတ်မှတ်ရရဆိုရင်..ရုပ်ရှင်ရုံထဲက ကိစ္စပြီးကတည်းက အချိုးပြောင်းသွားတာ..အဟင်းးး.. don't careစွမ်းထက်...... .As u like.
..
..
..
..
..

မခွဲအတူ(complete)Where stories live. Discover now