အခန်း (၁၄)

4.5K 192 21
                                    

"တောက်''

တောက်ခေါက်သံကျယ်ကျယ်လောင်လောင်ထွက်လာတဲ့ အခန်းထဲဝယ်နိုရာပို့လာတဲ့ပုံကိုကြည့်ပြီး..အိမ့်မှူး ဒေါသတွေက ရေဆူမှတ်ရောက်နေပြီ...ဒီကောင်မလေးကြောင့် အတူတူစားရဖို့ခဲယဥ်းတဲ့ညစာထမင်းဝိုင်းကိုတောင်ထားခဲ့ပြီးထွက်သွားခဲ့တာတဲ့လား...သူမ အပြတ်ပြောထားရဲ့နဲ့ မဆင်ခြင်တဲ့ စွမ်းထက်က်ိုပဲအပြစ်တင်ရမည်လား...ပိုင်ရှင်ရှ်ိရက်နဲ့ မျက်ရည်ခံထိုးနေတဲ့ဟိုတစ်ယောက်ကိုပဲအပြစ်တင်ရမည်လား..ဒါတင်မကသေး..စွမ်းထက်ချက်ချင်းထွက်သွားတာကြောင့်Uncleပြောလိုက်တဲ့စကားကိုနားထဲကမထွက်...

"လွတ်တဲ့ငါးကြီးတာ နောက်မှသိရင်နောင်တရမယ်တဲ့''

သိပါတယ် စွမ်းထက်သော်တာ ဆိုတာ အဖိုးတန်ငါးကြီးဆိုတာ...ဒါပေမယ့် အဲ့ဒီငါးကြီးကပဲ သူမစီအတင်းဝင်တိုးခဲ့တာမလို့...အမျိုးစုံသော အကြောင်းပြချက်တွေ ကျေးဇူးတရားတွေကြောင့် လက်ခံပေးခဲ့တာ Uncleလည်းရိပ်မိမည်ထင်သည်...အခုလို ဒေါသမထွက်ချင်ဘဲ ထွက်ရ ပူလောင်နေရတာ...စွမ်းထက်က်ိုချစ်မိနေလို့များလား...ကိုယ့်စိတ်ကိုပြန်သုံးသပ်နေပေမယ့် အဖြေက အရင်အတိုင်းပဲ..ဒေါသထွက်တယ်ဆိုတာ....စေ့စပ်ထားတဲ့သူက နောက်တစ်ယောက်နဲ့ရှုပ်နေတယ်ဆိုတဲ့သတင်းထွက်လာရင် အရင်ဦးဆုံးသူမပဲသိက္ခာကျမှာမလို့ သိက္ခာကိုထိခိုက်မှာစိုးရိမ်လို့ဒေါသထွက်တာ..အိမ့်မှူးစံဆိုတာ အတွင်းရေးမှူးလောကမှာ အရှုပ်အရှင်းကင်းကင်းနဲ့ ထက်မြတ်တဲ့သူဆိုပြီး...နာမည်တစ်လုံးနဲ့ရပ်တည်နေတာကြောင့် သူမအနားမှာ အားကျနေသူရော..သဘောကျနေသူတွေရော..ဝိုင်းဝိုင်းလည်လို့။

သူမစေ့စပ်တဲ့သတင်းကြောင့် suicide လုပ်တဲ့သူတောင်ရှိခဲ့ဖူးတာ...သူမရဲ့သတို့သားလောင်းက စေ့စပ်ပြီးမှ ​သူမ မဟုတ်တဲ့တ​ခြားတစ်ယောက်နဲ့ခြေရှုပ်နေတယ်ဆိုတဲ့သတင်းကိုအထွက်မခံနိုင်...ခြေရှုပ်ချင်ရင်စေ့စပ်ထားတာက်ို ဖျက်သိမ်း​ဖို့ လိုပြီ...မချစ်ပေမယ့် ကိုယ်လည်း မရှုပ်သလို စွမ်းထက်က်ိုလည်း သူ့လိုပဲခပ်ရှင်းရှင်းနေစေချင်တာ သူမ အတ္တ...ယောကျားလေးသဘာဝတွေဘာတွေနားမလည်...အိမ့်မှူးရဲ့လူဟာ အိမ့်မှူးလိုပဲဖြစ်ရမည်...လက်မခံနိူင်ရင် မလိုက်နာနိုင်ရင် ဒိုး..ဝမ်းမနည်းဘူး...။

မခွဲအတူ(complete)Where stories live. Discover now