အခန်း (၃၄)

5.8K 219 8
                                    

မခွဲအတူ...အပိုင်း (၃၄)


'တောက်စ်'

ပန်ပန်ပြောပြတဲ့အကြောင်းတွေနားထောင်ပြီး ကိုက လက်သီးကျစ်ကျစ်ဆုပ်ကာ ဒေါသတွေထွက်နေတဲ့အပြင် အံကြိတ်ထားတာမေးကြောတွေတောင်ထောင်လို့...

'ကို....ပန်ပန် တို့ဘယ်လိုလုပ်ကြမလဲဟင်'

ပန်ပန်ကို့လက်သီးဆုပ်ကိုဆွဲဖွရင်း
မေးတော့..ကိုက ပန်ပန့်ကိုသူ့ရင်ခွင်ထဲဆွဲဖက်ကာ..ပန်ပန့်ဆံနွယ်တွေထဲ တိုးဝင်ကာ နမ်းရင်းးး

'ကိုဖြေရှင်းပေးမယ်..မိန်းမ စိတ်မပူနဲ့...အိမ်မှာပဲစိတ်အေးလက်အေးနေပေးပါ...ပါပါးလက်ခံပေးနိုင်အောင်ကိုကြိုးစားမှာမလို့ မိန်းမက စိတ်အညစ်မခံပါနဲ့...ကို့ကိုထားမသွားဘဲအခုလိုပွင့်ပွင့်လင်းလင်းပြောပြပေးလို့လဲ ကျေးဇူးတင်တယ်..ကို့ကိုအားကိုးတိုင်ပင်လို့ဝမ်းသာတယ် '

'ကိုရယ်...ကိုက ပန်ပန့်ယောကျားလေ..ပန်ပန်နဲ့သားသားအတွက် အားကိုးရာပါ...ကိုအကောင်းဆုံးဖြေရှင်းနိူင်မယ်လို့ မျှော်လင့်နေမယ်...ကိုကဘယ်သူမလို့လဲ စွမ်းထက်သော်တာ
လေနော်.ပန်ပန်လေ...ကို့ဒယ်ဒီကို စိတ်နာချင်တယ်..ဒါပေမယ့် ကိုရှိနေတယ်..ကိုရှိနေလို့...ပန်ပနိ..ပန်ပန်...'

ပန်ပန်ကပြောရင်း ရှိုက်သံပါလာတာကြောင့်...

'မိန်းမ...မိန်းမ အခုဘယ်လိုခံစားနေရလဲ ကိုယ်နားလညိတယ်..မိန်းမနေရာမှာကိုယ်သာဆိုခွင့်လွှတ်မှာမဟုတ်ဘူး...မိန်းမလို့ ကိုယ့်မိန်းမဖြစ်နေလို့ ကို့ကိုနားလည်ပေးနေတာ...မိန်းမက
ကို့ကိုနားလည်ပြီးလက်ခံပေးလေ...ကို့ ဒယ်ဒီ့ကိုဒေါသထွက်လေပဲ...ဒယ်ဒီလုပ်ရက်တယ်ကွာ...အခုလိုလုပ်ခဲ့တာကိုသိနေပေမယ့်..လုပ်ကြံရတဲ့အကြောင်းရင်းကိုခုမှသိတာ...ကိုဒီနေ့ပဲ ရန်ကုန်ကိုပြန်မယ်..ဦးလေးကို ဒူးထောက်တောင်းပန်အောင်ကိုယ်ဒယ်ဒီ့ကိုပြောမယ်..One ကိုလည်း ဦးလေးလက်ထဲပြန်အပ်မယ်...ကို့ကိုယုံကြည်ပြီးစောင့်နေပေးပါနော်.မိန်းမ..ကို့ကိုမထားခဲ့ပါနဲ့​.ကို့ဘဝမှာ မိန်းမနဲ့သားသားမရှိရင် သေလူနဲ့မထူးတော့ဘူး...မဟုတ်ဘူး..ကိုယ်အသက်ရှင်နိုင်မှာမဟုတ်ဘူး'

မခွဲအတူ(complete)Where stories live. Discover now