အခန်း (၂၁)

5.3K 223 24
                                    

မခွဲအတူ...အပိုင်း (၂၁)

ပန်ပန်နဲ့ စွမ်းထက် ခြံထဲမှာထိုင်နေတုန်းးး..ဖူးကဖုန်းကိုင်ကာ ရောက်လာသည်..

'ပန်ပန်...မာမားဖုန်းတွေခေါ်ထားတာအများကြီးပဲ..နင့်ဖုန်းကိုဖွင့်လိုက်တော​့..မာမားစာပို့ထားတယ်..ကြည့်လိုက်အုံး'

ဖုန်းထဲမှာ မာမားပို့ထားတဲ့စာကို ပန်ပန်ဖတ်နေတော့...ပန်ပန့်ဘေးက ကိုစပ်စုကလည်း..လိုက်ဖတ်နေသေးတာ...

'ငါ့ကိုစိတ်ပူနေတယ်တဲ့...မာမားတို့သိသွားပီလားပဲ'

'ဆက်ကြည့်လိုက်လေ..အကြောင်းရင်းသိရတာပေါ့..မာမားတို့သိတော့လည်း..ရှင်းပြလိုက်ရုံပေါ့''

ဖူးအကြံအတိုင်း ပန်ပန်မာမားကိုဖုန်းခေါ်တော့ချက်ချင်းကိုင်သည်။

'တူ.....တူ...'

'သမီး...ဖုန်းဘာလို့စက်ပိတ်ထားတာလဲ'

'ဟို..ဖုန်းအားသွင်းဖို့မေ့နေလို့မာမား...အဲ့ဒါကြောင့်စက်ပိတ်သွားတာပါ...မာမား ပန်ပန့်ကိုစိတ်ပူနေတယ်ဆို...ပန်ပန်ဘာမှမဖြစ်ပါဘူး...'

ဖူးက ဘေးကနေလက်တို့ပြီး speakerဖွင့်ဖို့ပြောနေတာကြောင့် ပန်ပန်လည်း speaker ဖွင့်ထားလိုက်ရသည်..

'သမီးပါပါးပြောလိမ့်မယ်...ပါပါးမေးတာကိုအမှန်တိူင်းဖြေနော်သမီး...သမီးပါပါးစိတ်က်ိုသိတယ်မလား'

မာမားစကားကြောင့် ပန်ပန် စိုးရိမ်စပြုလာပြီ..Socialမှာ ပြန့်နေတဲ့ကိစ္စသိသွားပြီထင်တယ်...ပနိပန်က ပေါင်ပေါ်ကဘောင်းဘီစကိုဆုပ်ကိုင်ထားတော့..စွမ်းထက်က ပန်ပန့်လက်ကိုထပ်ကိုင်ကာ..စိတ်အေးအေးထားဖို့အသံတိတ်အချက်ပြလာသည်...ဖူးကတော့..ပန်ပန်တို့ကိုအကဲခတ်နေချေပြီ။

'ဟုတ်...ပနိပန်သိပါတယ်..'

'သမီး..ပနိပန်'

'ဟုတ်ပါပါး..ပါပါးနေကောင်းရဲ့လား'

'ကောင်းတယ်...သမီးခရီးကဘယ်နေ့ပြန်လာမလဲ'

'မနက်ဖြန်ပြန်လာတော့မှာပါ ပါပါး'

'ဟုတ်ပြီ...အစကတော့...ခရီးကပြန်ရောက်မှမေးမလို့ဘဲ..ဒါပေမယ့်..သမီးစီကအဖြေမကြားရမချင်း..ပါပါးအိပ်လို့ပျော်မယ်မထင်ဘူး..အဲ့တော့ပါပါးမေးတာကိုသာအမှန်အတိုင်းဖြေ...လိမ်တာက်ိုပါပါးမကြိုက်တာသိတယ်နော်'

မခွဲအတူ(complete)Where stories live. Discover now