အခန်း (၁၅)

4.7K 205 5
                                    

မခွဲအတူ...အပိုင်း (၁၅)

Social mediaမှာတက်လာတဲ့သည်မနက်အတွက်Trendဖြစ်နေတဲ့သတင်းတစ်ပုဒ်က်ိုကြည့်ပြီးအကျေနပ်ကြီးကျေနပ်နေတဲ့ စွမ်းထက်သော်တာ. .နောက်ဆုံးတော့လည်း သူ့စရိတ်နဲ့သူသွားတာပဲ...သူများမကောင်းကြံကိုယ့်ဘေးရန်ဆိုတာ စကားအဖြစ်ပြောခဲ့ကြတာမဟုတ်..ဒီလိုလုပ်ရင်ဒီလိုတွေဖြစ်လာတတ်တဲ့ဥပမာတွေအများကြီးရှိခဲ့တာကြောင့်ဖြစ်မည်...ဒီကိစ္စနဲ့ပတ်သတ်ပြီး...မ က စောစောစီးစီးဖုန်းဆက်လာသေးတာ..မ ..ကိုသူထင်ခဲ့ဖူးသလိုမျိူး...မ ကလဲ ထင်နေလားတော့မသိ.....တရားခံက ဘယ်သူဖြစ်နိုင်မလဲ...မနေ့ကမှ ပန်ပန်နဲ့ပြသနာတက်ခဲ့တာကြောင်​့ ပန်ပန့်ကိုပါအမှူပတ်လာရင်ဘယ်လိုလုပ်မလဲ..။.

"မင်းဟန်...အထဲဝင်ခဲ့အူံး''

မင်းဟန်အထဲရောက်လာတော့မှ

"ဒီမနက်မီးလောင်တဲ့ Sweetyဆိုင်ကိစ္စသိချင်တယ်.နောက်ဆက်တွဲစစ်ဆေးမှူတွေကအစ..ဒီcardကိုစိတ်ကြိုက်သုံးလို့ရတယ်..ငါသိချင်တာသိရရင်ရပီ....ဒီနေ့မင်း offလိုက်''

မင်းဟန်ကို cardတစ်ခုပေးပြီး သူသိချင်တာစုံစမ်းခိုင်းလိုက်သည်..အကျင့်ပျက်ချစားမှူတွေများတဲ့လောကကြီးမှာ ငွေလမ်းခင်းရင်ဘာမဆိုဖြစ်နိုင်သည်...ဒယ်ဒီလျှို့ဝှက်ထားတဲ့ကိစ္စကလွဲရင်ပေါ့...ဦးခန့်ညားလိုလူကြီးလူကောင်းက ဆေးမှူနဲ့ထောင်ကျတယ်ဆိုတာကလွဲပြီး သတင်းကအစအနပြတ်...ငွေလမ်းဘယ်လောက်ခင်းခင်း ခုထိမသိရသေး..ဒီကိစ္စအတွက်..ဒယ်ဒီ ဘယ်လောက်တောင်များသုံးခဲ့တာလဲ....

"ဒေါက်...ဒေါက်...ဒေါက် ''

"ဝင်ခဲ့ပါ''

"ဟေးးး...စွမ်းထက်''

ဝင်ဝင်လာခြင်း လက်ပြကာသွက်သွက်လက်လက်နှူတ်ဆက်သူက အမြဲလန်းဆန်းတက်ကြွနေတဲ့active boyကြီး..ဟိန်းညံ။

"ဟာ...ဟိန်းညံ ..ထူးထူးဆန်းဆန်း''

"ဟားးးး...ငါလာတာအဲ့လောက်ထူးဆန်းသွားလား''

ဟိန်းညံနဲ့သူ ဆိုဖာခုံမှာ အတူတူထိုင်လိုက်တော့..အတွင်းရေးမှူးလေးက အလိုက်တသ်ိပင်..ကော်ဖီပူပူတစ်ခွက်စီ ဧည့်ဝတ်ပြုလာသည်..ဒီနေ့ရာသီဥတုက မိုးတစ်ဖြောက်ဖြောက်မလို့....ကော်ဖီပူပူနဲ့ပနံသင့်လှသည်..အတွင်းရေးမှုးက်ိုလစာတိုးပေးအုံးမှ..

မခွဲအတူ(complete)Where stories live. Discover now