Chapter (6) ခင်ဗျားက ကျွန်တော့်ဘဝရဲ့ဒရိုက်ဘာပဲ

9.2K 1.4K 32
                                    

Unicode

ခင်ဗျားက ကျွန်တော့်ဘဝအတွက်ဒရိုက်ဘာဖြစ်ပြီး ကျွန်တော်သေဆုံးသွားမယ့်အချိန်မှာတော့ ကျွန်တော့်ရဲ့ခရီးသည်ပဲ

ရှန်ချင်းရှု ဟန်ချောင်ရဲ့နောက်ကနေ ဓာတ်လှေကားထဲကိုဝင်လိုက်ပြီး မနေနိုင်ဘဲချီးကျူးစကားဆိုလိုက်မိတယ်။

" ခင်ဗျား အိုစကာဆုတောင် ရနိုင်လောက်တယ်!"

" သေချာတာပေါ့"
ဟန်ချောင်က အလွန်အမင်းဂုဏ်ယူစွာပြန်ပြောလာတယ်။

" ဒီကမာ္ဘမှာ ကိုယ်မလိုချင်တဲ့အရာပဲရှိတယ် မရနိုင်တဲ့အရာဆိုတာမရှိဘူး ဒါပေမယ့် အဲဒီအခြေအနေက ဘာတွေဖြစ်နေတာလဲ"

" အရင်ဆုံးစားရအောင် .. အေးအေးဆေးဆေးထိုင်ပြောကြတာပေါ့ .. ကျွန်တော်ဘာမှမစားရသေးဘူး ခင်ဗျားလည်းမစားရသေးဘူးမလား ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော်ဝယ်ကျွေးမယ်"

“အိုခေ" ဟန်ချောင် ယဉ်ကျေးမနေတော့ဘဲ လက်ခံလိုက်ကာ ဓာတ်လှေကားခလုတ်ကိုလှမ်းနှိပ်လိုက်တယ်။

"အစတုန်းကတော့ အနောက်တိုင်းစာ စားဖို့တွေးထားတာ ဒါပေမယ့်အခုတော့ အစီအစဉ်ပြောင်းသွားပြီ ဟော့ပေါ့သွားစားရအောင်"

ပြီးနောက် သူခဏလောက်တွေးတောလိုက်ပြီး အတွေးပြောင်းလိုက်တယ်။

"မေ့လိုက်တော့ အရွက်ကြော်စားတာပိုကောင်းမယ်"

"ဘာလို့လဲ"

ရှန်ချင်းရှု စိတ်ရှုတ်ထွေးစာပြန်မေးလိုက်တယ်။

ဟန်ချောင်ရဲ့မျက်လုံးတွေက အောက်ဘက်ကိုအနည်းငယ်ငုံ့ကြည့်လာပြီး ပြန်ဖြေလာတယ်။

" ဟောပေါ့သွားစားရင် ပူလောင်နေတဲ့အစားအသောက်ကြောင့် မင်းရဲ့နာကျင်မှုတွေပါလောင်ကျွမ်းသွားမှာစိတ်ပူလို့"

ရှန်ချင်းရှု :.......

" ကိုယ်တို့ ခက်ခက်ခဲခဲတွေ့ရတာပဲ ဒီလိုအံ့သြစရာကောင်းတဲ့ညလေးကိုမဖြုန်းတီးနိုင်ဘူးလေ "

“ကျွန်တော် ခင်ဗျားနဲ့အတူ အချိန်ကုန်ဆုံးမယ်လို့ပြောမိလို့လား"

ရှန်ချင်းရှု သူ့ကိုစိုက်ကြည့်ပြီးပြန်မေးလာတော့ ဟန်ချောင်က ရှန်ချင်းရှုရဲ့ပုခုံးကိုဖက်တွယ်လိုက်တယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Wo Geschichten leben. Entdecke jetzt