129. ရှန်ချင်းရှုရဲ့ လည်ပင်း နာကျင်သွားရပြီး သတိလစ်သွားခဲ့တယ်
E/tn_ ကျေးဇူးပြုပြီး ထိုင်ခုံခါးပတ်ပတ်ထားပါ လမ်းကြမ်းကို စမောင်းပါတော့မယ်
Content warning_ ဒီအခန်းမှာ ပြန်ပေးဆွဲမှုနဲ့ အဓ္ဓမသွေးဆောင်မှုတွေပါဝင်နေပါတယ်
T/n_ ရိိုက်ကွင်းမှာ ကြိုးဖြည်လေ့ကျင့်နေကတည်းက စိတ်ထဲထင့်နေတဲ့အခန်း စလာပါပြီ
ရှန်ချင်းရှု သူ့ရဲ့စကားကိုကြားတော့ သူ့ကိုနှစ်သိမ့်ပေးလိုက်တယ်။
"စိတ်မပူပါနဲ့.. ကျွန်တော်အဆင်ပြေမှာပါ"
ရှန်ချင်းယွီက ဘာလုပ်နိုင်မှာမို့လို့လဲ ။သူကတော့မကြောက်ဘူး။
ဟန်ချောင် သူ့ရဲ့လေသံထဲမှ ရှန်ချင်းယွီကို အလေးမထားမှုကို ကြားလိုက်ရပေမဲ့ ရှန်ချင်းရှုကို ဖိအားအများကြီးမပေးတော့ဘူး။ သူက ရှန်ချင်းရှုကို ကြိုတင်ကာကွယ်မှု ရှိနေစေချင်တာသာဖြစ်ကာ ကျန်တာကိုတော့ သူကိုယ်တိုင်ပဲ တာဝန်ယူထားမှာ။
"မင်း နောက်ကို ဘယ်ကိုပဲသွားသွား ဒီနာရီနဲ့ လက်ပတ်ကိုဝတ်ထားဖို့ သတိရနော်"
ဟန်ချောင် သတိပေးလိုက်တယ်။ရှန်ချင်းရှု ခေါင်းညိတ်လာတယ်။
"ခင်ဗျားမှာ တခြားဒီလိုမျိုးကိရိယာလေးတွေရှိသေးလား"
သူ စပ်စုလိုစွာပြောလိုက်တယ်။
"ရှိရင်ကျွန်တော့်ကိုပြပါဦး.. ကျွန်တော် ဗဟုသုတပိုတိုးလာချင်လို့"
ဟန်ချောင် သူ့ရဲ့ပစ္စည်းအသစ်လေးတွေအပေါ် စပ်စုလိုစိတ်ကိုသိတာကြောင့် ခေါင်းလေးကိုပွတ်ပေးလိုက်တယ်။
"ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေအတွက် ထပ်မရှိတော့ဘူး.. ဒါပေမဲ့ မင်းလိုချင်ရင် ကိုယ်မင်းကို လက်ဝှေ့ထိုးနည်းတချို့လောက်သင်ပေးလို့ရတယ်"
ရှန်ချင်းရှု ချက်ချင်းစိတ်ဝင်စားမှုမြင့်လာတယ်။
"ကောင်းတာပေါ့ ကောင်းတာပေါ့"ဟန်ချောင် သူ့ရဲ့စိတ်အားထက်သန်တဲ့အမူအယာကိုကြည့်ပြီး တကယ့်ကလေးလေးပဲလို့တွေးနေခဲ့တယ်။
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer