(33)ခင်ဗျားရဲ့ကားလေးအပေါ်မှာ ဂရုဏာစိတ်လေးရှိရဲ့လား

6K 1.1K 121
                                    

Zawgyi


ချန်ယွဲ့ဇယ် သူ့ရဲ့အတန်းဖော်ဟောင်းနှင့် သူတို့ကုမ္ပဏီသို့အသစ်ဝင်လာမယ့်လူသစ်ကောင်လးကိုစိုက်ကြည့်လိုက်တယ်။

"ရှန်ချင်းရှု?"

သူမေးလိုက်တော့ ရှန်ချင်းရှုကခေါင်းညိတ်ပြလာတယ်။

"မျက်နှာသစ်လား"

ရှန်ချင်းရှုထပ်မံပြီးခေါင်းညိတ်ပြပြန်တယ်။

"အသက်က?"

"22"

ချန်ယွဲ့ဇယ် နည်းနည်းလောက်တော့ အံ့ဩသွားရတယ်။ လုံးဝကိုမထင်ရဘူးပဲ။ သူက အလွန်ဆုံး ဆယ်ရှစ် ၊ဆယ်ကိုးလောက်ပဲလို့တွေးထားတာ ။ မမျှော်လင့်ဘဲတက္ကသိုလ်ကနေ ဘွဲ့ရပြီးသားအရွယ်ဖြစ်နေခဲ့တယ်။

"ကောင်းပြီလေ"
ချန်ယွဲ့ဇယ် စာချုပ်လှမ်းပေးလိုက်တယ်။

"ကြည့်ကြည့်လိုက် မင်းအဆင်ပြေမယ်ဆိုရင် စာချုပ်မှာလက်မှတ်ထိုးကြတာပေါ့"

ရှန်ချင်းရှုလှမ်းယူလိုက်ပေမယ့် သူ မယူလိုက်ရခင်မှာပဲ ဟန်ချောင်ကဆွဲယူသွားခဲ့လေတယ်။ ဒီတော့ရှန်ချင်းရှုအနေနဲ့ ဟန်ချောင်အနားကိုကပ်ပြီး ဘေးကနေလှမ်းကြည့်ရုံသာတတ်နိုင်တော့တယ်။

စာချုပ်က အတော်လေးထူထဲတဲ့အတွက် ထိုစာချုပ်ကိုဖတ်ပြီးဖို့ ရှန်ချင်းရှုအချိန်အနည်းငယ်လောက်ယူလိုက်ရတယ်။ သူ့ရဲ့ယခင်ရှိဖူးတဲ့ စာချုပ်အတွေ့အကြုံနဲ့ဆိုရင် နေရာတော်တော်များများမှာ အထူးအာရုံစိုက်မှုတွေ ပေးထားကြောင်းတွေ့မြင်နိုင်တယ်။ ထိုစာချုပ်ထဲမှာ ပြသနာတစ်ခုမှရှိမနေဘူးလို့တွေးလိုက်တာကြောင့် သူ ဟန်ချောင့်ကိုခေါင်းညိတ်ပြပြီး ပြောလိုက်တယ်။

"ကျွန်တော်ဖတ်ပြီးသွားပြီ"

ဟန်ချောင်:"ကိုယ်လည်းဖတ်ပြီးသွားပြီ"

သူက ပြောနေရင်းနဲ့ စာချုပ်ကို ချန်ယွဲ့ဇယ်ထံသို့ပြန်ပေးလိုက်တယ်။

"ပြင်စရာတွေအများကြီးရှိနေတယ်"

ရှန်ချင်းရှု:???

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now