(22.2)သုံးယောက်တစ်ယောက် ..ရှိုးပွဲကြီးစပြီ !

7K 1.2K 82
                                    

Zawgyi

ရှန်ချင်းရှု အချိန်အကြာကြီးစောင့်နေပေမယ့်လည်း သူ့ဒရိုက်ဘာထံမှ စကားပြန်ကို မရရှိခဲ့လေဘူး။ ဒါကြောင့် မနေနိုင်တော့ပဲတိုက်တွန်းစကားဆိုလိုက်တယ်။

"ခင်ဗျား ပြောမှာလားလို့"

သူကဘယ်လိုများပြောနိုင်မှာတဲ့လဲ?
သူက ကိုယ့်ကို လိုသုံးအနေနဲ့အသုံးပြုပြီး ငါ့အကို,ကိုမရတဲ့အချိန် ကိုယ့်ဆီလှည့်လာဖို့စီစဉ်ထားတာလို့လား။

ဟန်ချောင် လုံးဝကိုပြောမထွက်နိုင်ဘူး။ သူ အရှက်ရစရာ မဖြစ်သွားဘူးလား။

"မမေးနဲ့"
ဟန်ချောင် စိတ်မပါစွာပြန်ပြောလိုက်တယ်။

"ဘာပဲဖြစ်ဖြစ် မင်းသိရမှာက သူကိုယ့်ကိုမကြိုက်ဘူး နောက်ပြီးကိုယ်ကလည်းသူ့ကိုမကြိုက်ဘူး"

""ခင်ဗျား သူ့ကိုတကယ်မကြိုက်ဘူးလား"

"အဓိပ္ပာယ်မရှိတာ ကိုယ့်ပုံစံက သူ့ကိုကြိုက်နေတဲ့ပုံနဲ့တူနေလို့လား"
ဟန်ချောင် ရှန်ချင်းရှုကိုစိုက်ကြည့်ပေးလိုက်တယ်။

ရှန်ချင်းရှုတစ်ဖက်လူရဲ့မျက်ဝန်းထဲမှာ အထင်သေးရွံရှာမှုတွေကိုတွေ့လိုက်ရတော့ ထိုသူက ယန်ကျားယွီကိုအမှန်တကယ်မကြိုက်ဘူးဆိုတာကိုလက်ခံလိုပ်တယ်

ကောင်းပြီ။ သူသာ မကြိုက်ဘူးဆိုရင်ပိုကောင်းတာပဲလေ။ ဟန်ချောင်ရဲ့စိတ်မရှည်လက်မရှည်ဖြစ်နေတဲ့အမူအယာတွေအရ ယန်ကျားယွီက ဟန်ချောင်ရဲ့လရိပ်ဖြူမဟုတ်သလို ဘယ်လိုအလင်းရောင်အမျိုးအစားကိုမှပေးနိုင်တဲ့သူမဟုတ်ဘူးဆိုတာ သူ ဇာတ်လိုက်ရှို့ကို ရှင်းပြလို့ရမယ်ထင်တယ်

အာယား! ရှန်ချင်းရှုကတော့ သူတကယ်ကြီးနှစ်မြုပ်တော့မလိုခံစားနေရတယ်။ ဒီလောက်အစောကြီးကတည်းက ခုလိုမျိုးအရေးကြီးတဲ့တာဝန်မျိုးကိုလက်ခံနေရတယ်လေ!

အမြှောက်စာခံဇာတ်ကောင်လေးနေရာမှာ အရမ်းကိုနှစ်မြှပ်ထားရတာပဲ!

သူသာဒီနေရာမှာရှိနေရင် ဟန်ချောင်နဲ့ဇာတ်လိုက်ရှို့ကြားထဲမှာ အထင်လွဲမှုတွေဖြစ်မလာနိုင်သလို ခွေးသွေးတွေလည်း အများကြီးပန်းထွက်လာတော့မှာမဟုတ်ဘူး ! နောက်ပြီး ကောင်းမွန်ရဲ့ရလဒ်တွေကိုပဲ ရရှိလာနိုင်လောက်တယ်!

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now