(39.1) ဟန်ချောင်: ကိုယ် ကိုယ့်ကိုယ်ကိုယ်သဝန်တိုနေပြီနော်

6.1K 1.1K 25
                                    

Zawgyi


ရှန်ချင်းရှုကတော့ ထိုကိစ္စတွေကို တစ်ခုမှမသိလေဘူး။ ဆယ်မိနစ်လောက်အချိန်လေးအတွင်း သူကပိုင်ရွှယ်ကောအေးဂျင့်ရဲ့စိတ်ထဲမှာ သနားစရာသတ္တဝါငယ်လေးဖြစ်လာပြီး အသက်မပြည့်သေးတဲ့ ကောင်ငယ်လေးဆွဲသွင်းလိုက်တဲ့ နွံအိုင်ထဲမှာ ဒုက္ခရောက်ရမယ့် ကံဆိုးသူလေးဖြစ်နေခဲ့ပြီ။

ထိုအချိန်မှာ ရှန်ချင်းရှုက အမှန်တကယ်ဒုက္ခသည်လေးဖြစ်တဲ့ ချောင်ဟန်ကို နောက်တစ်ကြိမ်စိတ်ပိုင်းဆိုင်ရာထိုးနှက်နေခဲ့တာဖြစ်တယ်__ ဆုချင်းရဲ့ကျောင်းတုန်းက အခန်းဖော်က ထွက်ပေါ်လာခဲ့ပြီး ဆုချင်းအပေါ်မှာ ခံစားချက်တွေရှိနေခဲ့ကာ ကလေးနှစ်ယောက်ကလည်း သူမကို အလွန်အမင်းသဘောကျနေခဲ့ကြတယ်။

[ "တကယ်လို့ ပါးပါးသာ သူ(မ)နဲ့အတူရှိနေမယ်ဆိုရင် မောင်လေးနဲ့ သမီးတို့မှာ အမေရှိလာလိမ့်မယ်"
ချောင်ဟန်နဲ့တူတဲ့ ဆုပိုင်လေးက ကစားစရာဂျုံလုံးတွေကိုနယ်ရင်းနဲ့ ချောင်ဟန်နဲ့ဆွေးနွေးနေခဲ့တယ်။

ချောင်ဟန်ရဲ့လက်က ဂျုံလုံးလေးကိုလှိမ့်ရင်းနဲ့ ကိတ်အထဲမှ ပန်းပွင့်ပုံစံလေးပြောင်းပေးလိုက်တယ်။ သူက ထိုဂျုံလေးတွေကို တိတ်တဆိတ်လှိမ့်နေရင်းနဲ့ မယ်ရီဆု ဆုပိုင်ကိုအကြံပြုလိုပ်တယ်။

"သမီးရဲ့ပါးပါးက သူမကိုမကြိုက်ဘူးလေ"

(T/n_ အောက်ကဟာတွေက rawကနေပြန်ထားတာဆိုပြီး Etranslatorကပြောထားပါတယ်)

"ဒါပေမယ့် သမီးကတော့ အဖေတော်တော်လေးပျော်နေတယ်ထင်တာပဲ"

ချောင်ဟန် ဒေါသတကြီးနဲ့ဂျုံကိုလိန်ဆွဲလိုက်တယ်။

"မင်းအမြင်မှားနေတာ မင်းလိုကလေးတွေက လှည့်စားခံရနိုင်တယ်လေ"

ဆုပိုင်:"တကယ်လား ဒါပေမယ့် အဲဒီကျဲကျဲ ပြောတာတော့ သူက ပါးပါးကိုကြိုက်တယ်တဲ့ သူက သမီးနဲ့မောင်လေးကိုလည်းသဘောကျတယ်လို့ပြောတယ်"

ချောင်ဟန်:...

ဆုပိုင်က သူ့ကိုစောင်းကြည့်ပြီးပြောလာတယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now