(69.1)မင်းပြောတော့ မင်းနဲ့ချင်းချင်းက တွဲနေတာမဟုတ်ဘူးဆို?

2.7K 510 14
                                    


Unicode

မင်းပြောတော့ မင်းနဲ့ချင်းချင်းက တွဲနေတာမဟုတ်ဘူးဆို?

တစ်ချို့လူတွေက ပျော်ရွှင်နေချိန်မှာ တစ်ချို့တွေကတော့ဝမ်းနည်းကြေကွဲနေလေရဲ့။ ရှန်ချင်းရှု ဟန်ချောင်ကို့ပွေ့ဖက်လိုက်ပြီး သူ့ရဲ့လက်မောင်းတွေကြားထဲကိုတိုးဝင်လိုက်တယ်။ ရှန်ချင်းယွီတစ်ယောက် နှစ်သစ်ကူးအချိန်ကာလရဲ့အေးစက်လှတဲ့ညဘက်ကြီးမှာ တုန်ရီနေရတဲ့အခိုက်အတန့်မှာပေါ့။

သူ့အနေနဲ့ သူ့ရဲ့မွေးစားမိဘတွေက ရှန်ချင်းရှုနဲ့ဟန်ချောင်ရဲ့အကြောင်းကိုရှာတွေ့သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ သူ့ရဲ့မွေးစားအဖေဖြစ်သူက နှစ်သစ်ကူးအကြိုနေ့ရဲ့ပထမဆုံးသောရက်မှာ အော်ဟစ်ဆဲဆိုပြီးရိုက်နှက်လာလိမ့်မယ်ဆိုတဲ့အကြောင်းကိုတော့ ထားလိုက်တော့။

သူကတော့ သူ့ရဲ့နှစ်သစ်ကိုဝမ်းနည်းပူဆွေးခြင်းတွေနဲ့စတင်လိုက်ရပြီ။

ဒါက လုံးဝကိုကောင်းကျိုးမရှိတဲ့ အံ့သြသင့်ဖွယ်ရာကိစ္စပဲ။ ဒါပေမဲ့ ရှန်ချင်းယွီအနေနဲ့ ဘယ်လိုများအမိခံလိုက်ရသလဲဆိုတာကို မသိလေဘူး။

နှစ်သစ်အကြိုညစာစားပွဲမှာ ရှန်မိသားစုရဲ့ဆွေမျိုးတွေက ရှန်ပါးပါး၊ ရှန်မားမားနဲ့ ရှန်ချင်းယွီတို့ကို အချိန်အခန့်သင့်သလို မြှောက်ပင့်ချီးကျူးခဲ့ကြတယ်။ သူတို့တွေ ရှန်ချင်းယွီကိုချီးမွန်းမြှောက်ပင့်တဲ့ အစပိုင်းမှာတော့အဆင်ပြေနေသေးပေမဲ့ ဆွေမျိုးတွေထဲမှ တချို့က ရှန်ချင်းရှုရောက်မလာတာကိုသတိပြုမိသွားတယ်။ ဒီတော့ သူတို့ရဲ့ခေါင်းစဥ်ကိုအသာအယာလွှဲပြောင်းလိုက်ကြတယ်။

"ရှောင်ယွီက အမြဲတမ်းတွေးခေါ်စဥ်းစားပေးတတ်တယ်.. ကိုယ်တိုင် မြေတောင်မြှောက်ပေးခဲ့တဲ့ကလေးက လမ်းတစ်ဝက်မှာမှ ကိုယ့်ဆီကိုရောက်လာတဲ့ကလေးထက်တော့ ကောင်းတာပဲလေ.. ငါတို့ရဲ့ရှောင်ယွီက ကြည့်ကောင်းပြီး အရည်အချင်းလည်းရှိတယ်.. ဒီအသိုင်းအဝိုင်းထဲက တွေ့ခဲ့ဖူးသမျှသူတွေအကုန်လုံးက စဥ်းစားဥာဏ်ရှိမယ်ဆိုရင် ဘယ်သူမှ သူ့နဲ့ယှဥ်ပြိုင်ရဲမှာမဟုတ်ဘူး .. သူကရှန်ချင်းရှုကိုပဲ မယှဥ်နိုင်တာ"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now