Zawgyi
တစ်ယောက်က အတွင်းဝတ်ကို ဖြေချလိုက်ပြီး နောက်တစ်ယောက်ကတော့ အတွင်းဝတ်ကို ဝတ်ဆင်လိုက်တယ်
ရှန်ချင်းရှု နောက်နေ့မနက်နိုးထလာချိန်မှာတော့ မနေ့ညကဖြစ်ရပ်တွေက အိပ်မက်ဆိုးတစ်ခုသာဖြစ်ဖို့ မျှော်လင့်နေမိတယ်!
သို့ပေမယ့် နောက်စက္ကန့်ပိုင်းလေးအတွင်းမှာ ဟန်ချောင်ရဲ့စကားသံက သူ့မျှော်လင့်ချက်ကိုရက်ရက်စက်စက်နင်းချေလိုက်တော့တာပဲ။
"မင်းနိုးလာပြီဆိုတော့ ကိုယ်တို့တွေ ကလေးအကြောင်းကိုဆွေးနွေးရအောင်လေ "
ရှန်ချင်းရှု:.....
ရှန်ချင်းရှု မျက်ရည်ကျမလာပဲ ငိုကြွေးနေမိပြီ။ ဒီတစ်ခါတော့ သူတကယ်သေဆုံးသွားရတော့မယ်ထင်ပါရဲ့။
" ကိုယ်ကလေးနှစ်ယောက်ရဲ့ နာမည်တွေက ဘာတဲ့လဲ ? မင်းသူတို့ကိုနာမည်ပေးပြီးသွားပြီလား"
"ဟင့်အင်း!"
ရှန်ချင်းရှု အံကိုတင်းတင်းကြိတ်လိုက်မိတယ်။တကယ်လို့ကျွန်တော်သေသွားမယ်ဆိုရင်တောင် ခင်ဗျားကိုပြောပြမှာမဟုတ်ဘူး!
“ဒါဆို ကလေးတွေရဲ့အဖေတစ်ယောက်အနေနဲ့ ကိုယ်ကပဲသူတို့ရဲ့နာမည်ကိုရွေးပေးရင်ရော ဘယ်လိုလဲ"
ဟန်ချောင် ထိုအကြောင်းကို သေချာပေါက်တွေးတောပြီးနေတဲ့ပုံပဲ။"အဲဒါ ချောင်ဟန်ရဲ့ကလေးတွေ ! ခင်ဗျားနဲ့ရတဲ့ကလေးတွေမဟုတ်ဘူး!"
ရှန်ချင်းရှုစိတ်ဖိစီးစွာပြန်ပြောလိုက်တယ်။"ခင်ဗျား သူတို့နဲ့ပတ်သက်စရာအကြောင်းမရှိဘူးနော်"
“ကိုယ်ယုံမယ်လို့ မင်းထင်နေတာလား"
ဟန်ချောင်က တည်ငြိမ်အေးဆေးစွာပြန်စိုက်ကြည့်လာတယ်။"မင်း သူ့ရဲ့မျက်နှာကို သေချာပေါက် ကိုယ့်ပုံစံအတိုင်းဖန်တီးခဲ့တာလေ"
ရှန်ချင်းရှု : ယင်း..ယင်း..ယင်း.. အဲဒါက သူသိတဲ့ဒရိုက်ဘာက ဒီတစ်ယောက်တည်းပဲရှိလို့ပါနော်!
(T/n _ သိပြီးသားလို့တော့ထင်ပေမယ့် ထပ်ရှင်းလိုက်ပါ့မယ်။
ယင်း က ငိုသံပါ )
YOU ARE READING
အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)
Fantasy_celebrity _Comedy _comeout _first-time, first ove _heart-warming _national cp _oldersiblings _romance _transmigration _writer