(60)ကျွန်တော်က သူကျွန်တော့်အပေါ်ဆိုးတာလေးကို သဘောကျတာ...

3.4K 726 69
                                    

Unicode

(T/ n _  ရှိုးပွဲကောင်းတစ်ခုကို ကြည့်တော့မယ်ဆိုရင် ပြောင်းဖူးပေါက်ပေါက်နဲ့ ကိုလာ အသင့်ယူလာပါ)

ကျွန်တော်က သူရဲ့ဇီဇာကြောင်တတ်တာလေးတွေ ၊ အလိုလိုက်ခံရလို့ဆိုးသွန်းတဲ့ပုံစံလေးတွေကိုချစ်တာ!

မားမားရှန်:!!!

ရှန်မားမားက ဟန်ချောင့်ကို အံသြထိတ်လန့်စွာကြည့်လိုက်တယ်။ သူမရဲ့သားမှာ ဘယ်အချိန်တုန်းက ချစ်သူကောင်လေးရသွားပြန်တာလဲ? သူမ ဘာလို့မသိလိုက်ရတာလဲ!

သူမ လီဟွေ့ကို တွေ့ထားတာတောင် သိပ်မကြာသေးဘူးလေ။ ဒီတော့ ဒီကလေးက ဘယ်အချိန်တုန်းက ဒီဟန်ချောင်ဆိုတဲ့တစ်ယောက်နဲ့ အတူရှိသွားရပြန်တာလဲ?

သူတို့တွေအတူရှိနေတာကရော ဘယ်လောက်တောင်ကြာနေပြီလဲ?

ဟန်ချောင်ရဲ့အိမ်ကရော ဘယ်လိုအခြေအနေမျိုးရှိတာလဲ?

သူတို့က ပိုက်ဆံရောရှိရဲ့လား? သူတို့က ဘယ်လောက်ချမ်းသာတာလဲ?

သူတို့က ရှုချီရဲ့မိသားစုထက်ရော အခြေအနေပိုကောင်းရဲ့လား?

မားမားရှန်မှာ မေးခွန်းတွေအများကြီးရှိနေပေမယ့် တိုက်ရိုက်မေးလိုက်ဖို့ရာအတွက် ရှက်ရွံ့နေသေးတာကြောင့် ရှန်ချင်းရှုကိုပဲ ခပ်တိုးတိုးမေးလိုက်တယ်။

"ဒါအမှန်ပဲလား ရှောင်ရှု"

ရှန်ချင်းရှုကတော့ အလွန်အမင်းပူးပေါင်းမှုရှိစွာနဲ့ ခေါင်းညိတ်ပြီး သက်ပြင်းချတယ်။

""လက်ရှိမှာတော့ အဲလိုမျိုးပဲ"

"လက်ရှိ?"
မားမားရှန်က သံသယအပြည့်နဲ့ပြန်မေးတယ်။

ဟန်ချောင်ကတော့ ဟမ့်ခနဲနှာမှုတ်လိုက်လေရဲ့။

"ကိုယ်သိသားပဲ ..မင်းအခုထိ ကိုယ်ဆီကနေ ထွက်သွားချင်နေသေးတယ်!"

ရှန်ချင်းရှုက သူ့ကိုကူကယ်ရာမဲ့စွာနဲ့ပြန်ကြည့်လိုက်ပြီး သူ့ရဲ့မျက်လုံးတွေက ဝမ်းနည်းနေပုံရတယ်။

"ကျွန်တော်က ထွက်သွားချင်တာမဟုတ်ပါဘူး.. ကျွန်တော့်လိုလူက ခင်ဗျားနဲ့မထိုက်တန်ရုံပါ"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now