(71.2)အင်အားကြီးမားတဲ့စကားရည်လုဘုရင်..စင်ပေါ်တက်ဖို့ အသင့်ဖြစ်နေပြီ

2.2K 505 20
                                    

Unicode

ရှန်ချင်းရှု ကုတ်အင်္ကျီကိုချွတ်ပြီး မိတ်ကပ်မှန်ရဲ့ရှေ့မှာဝင်ထိုင်လိုက်ကာ မိတ်ကပ်ဆရာမ သူ့ကိုပြင်ပေးလာမှာကိုစောင့်နေလိုက်တယ်။

မိတ်ကပ်ဆရာမက တော်တော်လေးအလုပ်ကြိုးစားတဲ့သူပဲ။ သူက မိတ်ကပ်မပြင်ဆင်ခင်မှာသူ့ရဲ့မျက်နှာကိုအရင်ကြည့်ရှုပြီး မျက်နှာနဲ့လိုက်ဖက်ပြီး အဝတ်အစားနဲ့လည်းအံဝင်သင့်လျော်စေဖို့ လေ့လာလိုက်တယ်။ သူမ ပိုပြီးကြည့်လေလေ ဒီလူငယ်လေးက အနုပညာရှင်ဖြစ်ဖို့မွေးဖွားလာတယ်လို့ ထင်မိလေလေပဲ။ သူက သေချာပေါက်ကို ရှေ့လာခဲ့ဖူးတဲ့ဧည်သည်တွေနဲ့ကွဲပြားလိမ့်မယ်။

သူမအနေနဲ့ မတိုင်မှီတုန်းက အသက်ကြီးနေတဲ့ဧည့်သည်တွေကိုပဲ မိတ်ကပ်ပြင်ပေးဖူးခဲ့တာ။ သူတို့ထဲက တချို့တလေကတော့ ချောမောကြပါတယ်။ သို့ပေမဲ့ သူမရဲ့ရှေ့မှာရှိနေတဲ့လူငယ်လေးနဲ့ယှဥ်ရင်တော့ သူတို့တွေက တော်တော်ကြီးကိုဆိုးလွန်းနေသေးတယ်။ သူ့ရဲ့ပုံပန်းသွင်ပြင်နဲ့ အရှိန်အဝါတွေနဲ့ဆိုရင် သူဘာတစ်ခုမှမပြောနိုင်ရင်တောင် စင်ပေါ်မှာရပ်နေရုံနဲ့တင် ပရိသတ်တွေအများကြီးကိုဆွဲဆောင်နိုင်လိမ့်မယ်။

မိတ်ကပ်ဆရာမက ရှန်ချင်းရှုနဲ့မဆွေးနွေးခင် ခဏမျှအံ့သြနေမိသေးတယ်။

"ရှန်လောင်ရှီး .. ရှင့်ရဲ့အသားအရည် နဲ့ မျက်နှာအချိုးအစားက တော်တော်ကြီးကောင်းတာပဲ.. နောက်ပြီး ရှင့်ရဲ့ပုံပန်းသွင်ပြင်က တကယ်မိုက်တယ်.. ကျွန်မ မိတ်ကပ်ကို ခပ်ပါးပါးပဲလိမ်းလို့ရမလား ငယ်ရွယ်ပြီး နေရောင်ခြည်လေးလိုမျိုး နွေးထွေးဖြူစင်တဲ့ပုံစံလေးလေ.. အဆင်ပြေတယ်လို့ထင်လား"

ရှန်ချင်းရှုလိုချင်နေတာလည်း ထိုသို့ပုံစံမျိုးပဲ။

"ကောင်းပါပြီ"

မိတ်ကပ်ဆရာမက ဖောင်ဒေးရှင်းကိုကောက်ကိုင်ပြီး အလုပ်စလိုက်တယ်။

သူ့ရဲ့အသားအရည်ကကောင်းမွန်တာကြောင့် အချိန်ခဏလောက်အတွင်း မိတ်ကပ်လိမ်းခြယ်လို့ပြီးသွားခဲ့တယ်။

ရှန်ချင်းရှု သူ့ရဲ့မျက်နှာကိုမှန်ထဲမှာပြန်ကြည့်လိုက်တယ်။ မူလပုံစံနဲ့သိပ်ပြီးတော့ ကွာခြားသွားတာမျိုးမရှိဘူး။ ကြည့်ရတာ ပိုပြီး နူးညံ့သွားရုံလောက်ပဲ။ အသက်မပြည့်သေးတဲ့ ကျောင်းသားငယ်လေးလိုမျိုး ဖြူစင်ရိုးသားမှုတွေပြည့်နှက်နေလေရဲ့။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now