(59.1)ကျွန်တော့်ကို ကျွန်တော်မိတ်ဆက်ပေးပါရစေ.. ကျွန်တော်ကတော့ သူ့ရဲ့ချစ်သူပါ

3.4K 626 20
                                    

Unicode

ကျွန်တော့်ကို ကျွန်တော်မိတ်ဆက်ပေးပါရစေ.. ကျွန်တော်ကတော့ သူ့ရဲ့ချစ်သူ ဟန်ချောင်ပါ

ရှန်ချင်းရှုတစ်ယောက် ဟန်ချောင်ရဲ့အိမ်ကိုပြန်ရောက်တာနဲ့ သူ့ရဲ့ဘဝက ယခင်တုန်းကအတိုင်းပဲ ပြန်ဖြစ်သွားပြန်တယ်။ သူ အွန်လိုင်းပေါ်မှာအချိန်ဖြုန်းတယ် ၊ အိပ်တယ် ၊ထောင်ချောက်ကျင်းတွေထပ်ဖြည့်တယ် ၊ နောက်ပြီး ဖိုရမ်တွေကိုလိုက်လံစပ်စုတယ်။သူ့ရဲ့နေ့ရက်တွေကတော့ အလွန်အမင်းကိုဇိမ်ရှိနေခဲ့တယ်။

သို့ပေမဲ့လည်း သူကအေးဆေးသက်သာစွာဖြတ်သန်းနေရတယ်ဆိုရင်တောင် ရှန်မိသားစုသုံးယောက်ကတော့ အေးအေးသက်သာစွာ ဖြတ်သန်းနေရတာမဟုတ်ဘူးလေ။

ပါးပါးရှန်နဲ့ မားမားရှန်တို့က အိမ်ကနေအဝေးကိုထွက်သွားတဲ့ ရှန်ချင်းရှုတစ်ယောက် ဒီလောက်ကြာရှည်နေတဲ့အချိန်ထိ ပြန်မလာဘဲနေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ကြဘူး။

ဒီအချိန်အတောအတွင်းမှာ သူတို့တွေ ရှန်ချင်းရှုကိုဆက်သွယ်ဖို့အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ကြပေမယ့် ရှန်ချင်းရှုကတော့ တုတ်တုတ်မလှုပ်ခဲ့ဘူး။ ထိုလူငယ်လေးက သူတို့ရဲ့စိတ်ကူးထဲမှာရှိခဲ့တဲ့လူငယ်လေးပုံရပ်နဲ့ အရမ်းကိုကွဲပြားနေသလိုပဲ ။

အခုလိုတရုတ်နှစ်သစ်ကူးကို ရောက်ရှိချိန်မှာတောင် ရှန်ချင်းရှုပြန်မလာတာကိုကြည့်ချင်းအားဖြင့် အဖေရှန်နဲ့ အမေရှန်တို့က စိတ်မပူပဲမနေနိုင်တော့ဘူး။

သူတို့က ရှန်ချင်းရှုနဲ့အများကြီးမနီးစပ်ခဲ့ဘဲ ရှန်ချင်းယွီကိုပိုပြီးအလေးသာခဲ့တယ်လို့ ပြောလို့ရတယ်ဆိုပေမယ့် သူတို့ရဲ့ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေအားလုံးက သူတို့မှာ နောက်ထပ်သားတစ်ယောက်ရှိတယ်ဆိုတာကို သိပြီးသားပဲလေ။ တကယ်လို့ ရှန်ချင်းရှုသာ ဒီတစ်ကြိမ်မှာ လုံးဝပြန်မလာတော့ဘူးဆိုရင် သူတို့ကတော့ ဆွေမျိုးတွေ သူငယ်ချင်းတွေရဲ့ပါးစပ်ထဲမှာ ဟာသတစ်ခု ဖြစ်သွားတော့မှာ အသေအချာပဲ။

အသက်ရှင်နေတဲ့လူတွေက မျက်နှာရဖို့လိုအပ်တယ်။ အထူးသဖြင့် အဖေရှန်နဲ့အမေရှန်တို့လိုလူမျိုးတွေအတွက်ဆို ပိုပြီးမှန်ကန်တာပေါ့။ သူတို့ရဲ့ဆွေမျိုးတွေက ရှန်ချင်းရှုနဲ့ပတ်သက်ပြီး သူတို့ကိုအပြစ်ဆိုလာမယ့်အကြောင်းကို တွေးလိုက်မိရင် သူတို့ရဲ့စိတ်ထဲမှာ လုံးဝကိုအဆင်မပြေတော့ဘူး။ ဒါကြောင့် သူတို့တွေ ရှန်ချင်းရှုကို ဆက်သွယ်ဖို့ကြိုးစားတဲ့အချိန်တိုင်းမှာ ရှန်ချင်းရှုရဲ့အသိဥာဏ်နည်းပါးမှုတွေကို မဆူငေါက်ဘဲမနေနိုင်ဘူး။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ