117) မွေးနေ့၊ စုံတွဲဝတ်စုံ၊ ယန်ကျားယွီ ဒေါသပေါက်ကွဲနေပြီ

1.7K 236 2
                                    

(117) မွေးနေ့၊ စုံတွဲဝတ်စုံ၊ ယန်ကျားယွီ ဒေါသပေါက်ကွဲနေပြီ

ဟန်ချောင် လက်ထဲက ဓားကိုမြှောက်ပြလိုက်တယ်။

"ကျွန်တော်တို့ညီအစ်ကိုတွေ ဒီနေ့မှပြန်ဆုံရတာ .. ကောက သုံးပေလောက်အထိသွေးတွေပန်းထွက်မှ ပျော်မှာလား"

ဟန်ယွီ ရယ်မောလိုက်တယ်။
"ဟင့်အင်း .. ငါအခု တော်တော်လေးပျော်နေတယ်"

သူ ဟန်ချောင်ကိုကြည့်လိုက်တယ်။
"နှစ်သစ်တုန်းက မင်းပြောခဲ့တဲ့စကားတွေကို ငါမှတ်မိနေတုန်းပဲ~"

"သူက ကျွန်တော့်ချစ်သူမဟုတ်ဘူး.. သူက ဘယ်လိုလုပ်  ကျွန်တော့်ချစ်သူဖြစ်ရမှာလဲ? ချင်းချင်းက ကျွန်တော့်ရဲ့သူငယ်ချင်းပါပဲ ဆို.. ငါနားလည်တယ်.. ငါမှတ်မိနေတုန်းပဲ!"
ဟန်ယွီလေးနက်စွာပြောလာတယ်။

ဟန်ချောင်:....

အား အား အား အား!

ဒီလူကြီးက ဘယ်နေရာကရောက်လာတာလဲ!!!

သူ့မှာ ဘာလို့ ဒီလိုအစ်ကိုမျိုးရှိနေရတာလဲ!

မား! မားရဲ့ချွေးမလေးကို အခုချိန်မှာ ဘာလို့မတွေ့ရသေးတာလဲဆိုတာ သိပြီလား?

ဒီမှာရှိနေတဲ့ သားရဲကောင်ကြီးရဲ့ တည်ရှိမှုကြောင်းပဲပေါ့!

ဟန်ချောင် ဒေါသတကြီးနဲ့ စဥ့်တီတုံးပေါ်သခွားသီးချကာ လှီးဖြတ်လိုက်တယ်။ ဒါက သခွားသီးမဟုတ်ဘဲ ဟန်ယွီရဲ့ ခေါင်းဖြစ်နေသလိုမျိုး။

ဟန်ယွီကတော့ ညီဖြစ်သူရဲ့ ဒေါသတကြီး အမူအယာကိုကြည့်ကာ ပျော်ရွှင်လာရပြီး ရည်ရွယ်ချက်ရှိရှိ ချီးကျူးလိုက်ပြန်တယ်။

"လှီးဖြတ်ချက်တွေက ကောင်းသားပဲ.. ပြီးရင် ခရမ်းသီးပါလှီးပေးဦးနော်"

ဟန်ချောင်:...

သူဘာလို့ သူ့အစ်ကို,ကိုသတ်လို့မရတာလဲ?!

သူ့ရဲ့အစ်ကိုမှာ ဘာလို့ ခုလိုမျိုးပြင်းထန်လွန်းတဲ့ နတ်ဆိုးလိုသဘောထားတွေရှိနေရတာလဲ?!

ဟန်ချောင်တစ်ယောက် ရှုတ်ထွေးလွန်းတဲ့စိတ်တွေနဲ့အတူ ဟန်ယွီနဲ့ပူးပေါင်းကာ ဟန်မားမားအတွက် သူကြိုက်တတ်တဲ့ဟင်းပွဲတွေ တစ်စားပွဲအပြည့်ချက်ပေးလိုက်တယ်။ ဟင်းပွဲတွေအားလုံးပြီးစီးသွားချိန်မှာတော့ သူ တည်ငြိမ်သွားခဲ့ပြီ။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now