(90.1) ဆက်ဆံရေးကိုအဆုံးသတ်ရအောင်

1.9K 277 9
                                    

Unicode

ဒီကားသူငယ်ချင်းဆက်ဆံရေးကိုအဆုံးသတ်ရအောင် .. တောင်းပန်ပါတယ်

ရှန်ချင်းရှု ခေါင်းခါပြလိုက်တယ်။

"မဟုတ်ပါဘူး"

"မဟုတ်ဘူးလား"
မုကျစ်ပြုံးလိုက်တယ်။

"ကိုယ်က ..မင်းရဲ့သူငယ်ချင်း ကိုယ့်ကိုသဘောမကျလို့ မင်းလည်းကိုယ့်ကိုသဘောမကျဘူးလို့ ထင်နေတာ"

သူက ထပ်မံဖြည့်ပြောလိုက်ပြန်တယ်။

"မင်းတို့က သူငယ်ချင်းတွေလား"

"သူက သူငယ်ချင်းပါ"
ရှန်ချင်းရှု ဟန်ချောင်ကို မကာကွယ်ဘဲမနေနိုင်ဘူး။

"သူက ခင်ဗျားကိုမကြိုက်တာမဟုတ်ပါဘူး.. သူကတစ်ခါတစ်လေ အရမ်းတဲ့တိုးဆန်တတ်လို့ပါ .. ခင်ဗျားအပေါ်ကိုမှမဟုတ်ပါဘူး"

ဒါက အဓိပ္ပာယ်မရှိပေမဲ့ ရှန်ချင်းရှုအနေနဲ့ မုကျစ်ကို ဟန်ချောင်က သူ့(မုကျစ်)ကိုသဘောမကျတဲ့အကြောင်း သိသွားစေမှာကို ရှက်မိတယ်လေ။ ဒါက ဘယ်လိုတောင်အနေခက်စရာပါလိမ့်။

မုကျစ်ရယ်မောလိုက်တယ်။
"တကယ်လား ကိုယ်က ကိုယ်မင်းနဲ့နီးကပ်နေတာကို သူသဘောမကျဘူးလို့ထင်နေတာ"

"အဲလိုမျိုးမဟုတ်ပါဘူး"
ရှန်ချင်းရှု ငြင်းဆန်လိုက်တယ်။

"မင်းက singleလား"
မုကျစ် ရုတ်တရက်ထမေးလာတယ်။

ရှန်ချင်းရှု သတိလက်လွတ်ခေါင်းညိတ်လိုက်မိတယ်။
"အမ်"

"မင်းက ရည်းစားရှိတာမှ မဟုတ်ဘဲလေ"

မုကျစ်က အပြုံးတစ်ခုနဲ့ပြောလာတယ်။

"မင်းသာ ရည်းစားမရှိသေးသရွေ့ တခြားလူတွေရဲ့အမြင်ကို စိတ်ပူနေစရာမလိုပါဘူး .. မင်းရဲ့စိတ်ကူးအတိုင်း နေထိုင်နိုင်တယ်လေ"

သူက ရှန်ချင်းရှုကိုစိုက်ကြည့်လိုက်တယ်။

"ပြန်သွားပြီးစဥ်းစားကြည့်လိုက်ပေါ့ ကိုယ်မင်းဆီက စကားပြန်လာမှကို စောင့်နေမယ်"

ရှန်ချင်းရှု တစ်ဖက်လူရဲ့စကားတွေကို အကူအညီမဲ့စွာနားထောင်ခဲ့ရတယ်။ မုကျစ်က သူ့ကိုဂရုစိုက်ပေးတဲ့ စီနီယာဖြစ်ပြီး သူသာ တစ်ချိန်တည်းမှာ နှစ်ခါတောင်ငြင်းဆန်လိုက်မယ်ဆိုရင် တစ်ဖက်လူအနေနဲ့ တော်တော်လေး ရှက်စရာကောင်းနေလိမ့်မယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now