Chapter (17) ငါအားနည်းပြီး ဆင်းရဲနေတဲ့အချိန်က အိပ်ယာပေါ်မှာပဲရှိတာ...

8.7K 1.3K 48
                                    

Zawgyi

ငါအားနည်းပြီး ဆင်းရဲနေတဲ့အချိန်က အိပ်ယာပေါ်မှာပဲရှိတာ .. အချစ်တွေနဲ့အကျဉ်းချခံထားရတဲ့အချိန်ပေါ့!

ရှန်ချင်းယွီ ထိုစာကြောင်းက သူ့ကိုဆဲဆိုနေတယ်ဆိုတာကိုသိနေပေမယ့်လည်း ထောက်ပြနိုင်တဲ့အရာမျိုးလည်းဟုတ်မနေခဲ့ပြန်ဘူး။ အဲဒီခွေးမသား ရှန်ချင်းရှုက သူ့နေရာကိုသူပြန်ယူမယ်ဆိုပြီး တစ်ဖက်လှည့်နဲ့ပြောလိုက်တာပဲ ။ သူအရမ်းကိုစိတ်ဆိုးနေပြီ။ အဲဒီကောင်ဘယ်အချိန်ကတည်းက ဒီလောက်ထိ စိတ်အနှောင့်အယှက်ပေးတတ်လာတာလဲ!!

အရင်တုန်းက အဲဒီကောင်က ငတုံးငအဆိုတာအသိသာကြီးကို ။ ရုတ်တရက်ကြီး ဒီလိုမျိုးရွံစရာကောင်းတဲ့ပုံစံမျိုးဘယ်လိုများပြောင်းသွားရတာလဲ!!

သောက်ရမ်းရွံစရာကောင်းတာနော်!!

ရှန်ချင်းယွီ ဒေါသတကြီးနဲ့အံကြိတ်လိုက်မိပေမယ့် သူလုပ်နိုင်တာ ဘာမှရှိမနေခဲ့ဘူး။ သူ သူငယ်ချင်းများရပ်ဝန်းထဲမှာ အောက်ကနေ ဝင်ပြောလိုက်ပေမယ့် ရှန်ချင်းရှုကတော့ Wechatကိုပိတ်ပြီး သူ့ရဲ့လက်ရာမြောက်လှတဲ့အရေးအသားတွေကို ပုံပြန်ဖော်နေခဲ့ပြီ။ ဒါကြောင့် ရှန်ချင်းယွီဘယ်လောက်ပဲ စောင့်ဆိုင်းနေပါစေ တစ်ဖက်လူရဲ့ပြန်ပြောလာတဲ့စာကိုတော့မရနိုင်တော့ဘူးလေ။ သူဖျော်လိုက်တဲ့လက်ဖက်ရည်တွေကလည်း အလဟာသတွေဖြစ်သွားရရှာတယ်။

ဟန်ချောင်အိမ်သို့ပြန်ရောက်လာချိန်မှာတော့ ထုံးစံအတိုင်းအိပ်ယာပေါ်မှာငြိမ်ငြိမ်လေးထိုင်နေတဲ့ ရှန်ချင်းရှုကိုတွေ့လိုက်ရတယ်။

"ယိုး ... အလုပ်ရှုပ်နေလား"
သူက အပြုံးနဲ့မေးလိုက်တယ်။

ရှန်ချင်းရှုကတော့ ထိုအမျိုးသားကိုတစ်ချက်စိုက်ကြည့်လိုက်ပြီး စာဖိုင်ကိုပိတ်လိုက်ကာ သတိအနေအထားအတိုင်းရှိနေလေရဲ့။

ဟန်ချောင်က သူ့အနီးကိုလျှောက်လာပြီး အပြုံးနဲ့ထပ်မေးပြန်တယ်။

"သဘက်ခါကျရင် မင်း ကိုယ့်ကို အချိန်နည်းနည်းလောက်ပေးလို့ရမလား"

"ဘာလို့လဲ"

"ကိုယ်နဲ့အတူ ဒင်နာတစ်ခုကိုလိုက်ခဲ့ပေး"

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now