(78)အလွှာတစ်ထပ် ပျောက်ဆုံးရပြန်ပြီ

2.5K 562 46
                                    

Unicode

အလွှာတစ်ထပ် ပျောက်ဆုံးရပြန်ပြီ

ရှန်ချင်းရှု:???

ရှန်ချင်းရှုကတော့ ဟန်ချောင်တစ်ယောက်အတွေးလွန်နေပြီလို့တွေးလိုက်တယ်။

"ကျွန်တော်က အရုပ်လေးကိုချစ်စရာကောင်းတယ်လို့ထင်မိရုံပဲ ဒါကြောင့် ဒါရိုက်တာဝမ်ဆီကတစ်ခုပိုတောင်းလာခဲ့တာ ခင်ဗျားမကြိုက်ရင်ပြန်ပေး"

သူက လက်ကိုဆန့်ထုတ်ပြီး အရုပ်ကိုဆွဲယူဖို့လက်လှမ်းလာတယ်။ ဒါကိုမြင်တော့ ဟန်ချောင် သူ့အပိုင်လေးဖြစ်တဲ့ ရှောင်ရှန်ချင်းရှုလေးကို နောက်ကျောဘက်ဆီသို့ ကွယ်ဝှက်လိုက်တယ်။

"မင်း ကိုယ့်ကိုပေးပြီးသားလေ အခုမှပြန်လိုချင်နေတာလား ? ဒါက ကိုယ့်လက်ထဲကိုတစ်ခါရောက်ပြီးမှတော့ ကိုယ့်အပိုင်ပဲ"

"ဒါဆို ခင်ဗျားသဘောကျလား"
ရှန်ချင်းရှု ရယ်မောရင်းနဲ့ထပ်မေးလိုက်တယ်။

ဟန်ချောင်ကတော့ သူ့လက်ထဲမှာရောက်နေပြီဖြစ်တဲ့ မိုက်ခရိုဖုန်းကို လက်ထဲမှာဆုတ်ကိုင်ထားတဲ့ လူပေါက်စလေးကိုအာရုံရောက်နေလေရဲ့။ သူက မကြိုက်ဘဲနေပါ့မလား။ သူ့ပြိုင်ကားလေးရဲ့ Qဗားရှင်းလေးကိုလေ။ သူသာမကြိုက်ရင် ဘယ်သူကကြိုက်မှာတဲ့လဲ!

"သိပ်ကိုချစ်စရာကောင်းတယ်"
ဟန်ချောင် အတည်ပြုပေးလိုက်တယ်။

ပြီးနောက် ထိုအသေးလေးကို သူ့အိပ်ယာနားမှစားပွဲပေါ်သို့လှမ်းတင်လိုက်တယ်။

ရှန်ချင်းရှု သူ့အနားကိုတိုးကပ်လိုက်ပြီး ထိုသူရဲ့ ပုခုံးစွန်းမှာမေးတင်လိုက်တယ်။
"အခုပျော်သွားပြီလား"

ဟန်ချောင် သူ့ကိုပြန်လှည့်ကြည့်ကာ မျက်နှာလေးကိုလိမ်ဆွဲပြီးမှ နှုတ်ခမ်းကိုနမ်းရှိုက်လိုက်တယ်။

ထိုအပြုအမူကြောင့် ထိုအမျိုးသားကစိတ်မဆိုးနေတော့ဘူးဆိုတာကို ရှန်ချင်းရှုနားလည်သွားတယ်။

ကောင်းလိုက်တာ။ သူ ဟန်ချောင့်ကိုနမ်းရှိုက်ရင်း ပြုံးလိုက်မိကာ ထိုသူ့ကိုခပ်တင်းတင်းပွေ့ဖက်လိုက်တယ်။

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now