(57.3)မင်း ရှောင်ရှန်တိတိကို ဘယ်အချိန်လက်ထပ်မှာလဲ လောင်ဟန်

3.2K 635 34
                                    

Unicode

ဟန်ချောင် စာတွေကိုပို့ပြီး ခဏလောက်စောင့်ဆိုင်းလိုက်ပေမယ့် ဘယ်သူကမှ စာမပြန်လာကြတာကြောင့် ထပ်မံမေးမြန်းလိုက်တယ်။

[လူတွေက ဘယ်ရောက်သွားကြတာတုန်း?]

ထိုအချိန်ကျမှ လူတိုင်းက တစ်ယောက်ပြီးတစ်ယောက်ပြန်ဖြေလာကြတယ်။

ကျိုးကျားမင်: [ မင်း ကြွားလုံးထုတ်လို့ပြီးပြီလား?]

ယင်မင်ယောင်:[ မင်းပြီးပြီလား?]

ရူယန်း:[ဝုတ် ဝုတ် ဝုတ်]

ဟန်ချောင်:....

ဒီတစ်ခေါက်ကတော့ သူတကယ်ကြီးကြွားလုံးထုတ်ပြနေတာမဟုတ်ရပါဘူးနော်! သူက အမှန်တရားကိုပြောပြနေတာကြီးကို!

အဲဒါလေးပဲလေလို့!

တခြားဘာရည်ရွယ်ချက်မှ မပါနေဘူး!

ဟန်ချောင်: [ ငါက မင်းတို့ကိုပြောပြချင်ရုံလေးပဲ ကြွားပြနေတာမှမဟုတ်တာ ..  ဒီတစ်ခေါက်ကတော့ ကြွးဝါပြဖို့လုံးဝကိုမရည်ရွယ်ထားဘူး]

ကျိုးကျားမင်:[ မသိမသာနဲ့ကြွားလုံးထုတ်ပြီးတော့ လူတွေကိုသတ်နေတယ်]

ယင်မင်ယောင်: [မင်းက ကြွားလုံးထုတ်ပြဖို့မရည်ရွယ်ဘူးဆိုရင်တောင် မင်းပြောနေတဲ့စကားလုံးတိုင်းကတော့ ရာဇဝတ်မှုတွေဖြစ်လာနိုင်တဲ့အထိ လုံလုံလောက်လောက်ကို ကြွားဝါပြနေတဲ့စကားတွေပဲ]

ဝူယန်း: [ ချိူမြိန်လိုက်တာ ..အရမ်းကိုချိုမြိန်တာပဲ မင်းဘယ်အချိန်ရှောင်ရှန်နဲ့လက်ထပ်မှာလဲ လောင်ဟန်.. ငါလက်ဖွဲ့ငွေတွေ အသင့်ပြင်ပြီးနေပြီနော်!]

ဟန်ချောင်:... ငါလက်မထပ်ပါဘူး။ လက်မထက်ဘူးလေ။ ငါ ရှန်ချင်းရှုကိုလက်ထပ်ဖို့ရည်ရွယ်ထားတာမှ မဟုတ်တာ!

ဟန်ချောင်: [ မင်းတို့ လုံးဝကိုအထင်လွဲနေတာပဲ]

ယင်မင်ယောင်:[ လုပ်စမ်းပါ.. မင်းရဲ့ရှောင်ရှန်တိတိက သူ့မှာရှိသမျှပိုက်ဆံတွေအားလုံးကိုသုံးပြီး မင်းအတွက်လက်ဆောင်ဝယ်ပေးခဲ့တယ်ပေါ့.. မင်းအခု မပျော်လို့လား? ပျော်ရွှင်မြူးတူးလွန်းလို့ ဒီgroupထဲကိုတောင် တကူးတကလာပြောနေတာမဟုတ်ဘူးလား .. ဒါကိုတာင် မင်းကဆင်ဂယ်ခွေးတွေကို သတ်ဖို့အတွက်လာတာမဟုတ်သေးဘူးလို့ ပြောချင်သေးတယ်ပေါ့]

အရံဇာတ်ကောင်လေးက ငါးဆားနူလေးဖြစ်ချင်ရုံပါ (Myanmar Translation)Where stories live. Discover now