Part-2

5.2K 394 27
                                    

<Unicode>
တစ်စထက်တစ်စလွှမ်းမိုးစပြုလာသော
ဂျောင်ကုပေါ်ထားရှိသည့်အကြောက်တရားများ။
ထိုလူနှင့်ဆုံစည်းပေးသည့်ကံကြမ္မာကိုမုန်းသည်။

ရေချိုးခန်းထဲရှိကိုယ်လုံးပေါ်မှန်ထဲတွင်
မြင်နေရသောလည်တိုင်နုနုကလေး။
လက်ငါးချောင်းရာမှာထင်းနေပြီး
အညိုအမဲများပင်စွဲနေသည်။

"မင်းကိုမုန်းတယ်ဂျောင်ကု"

ရေအမြန်ချိုးလိုက်ကာ
လည်တိုင်ရှိအညိုအမဲများအားဆေးထည့်လိုက်သည်။
ရုတ်တရက်လက်ဖမိုးထက်သို့
အကြည့်ရောက်သွားသည့်အခိုက်အတန့်။

"ငါမင်းနဲ့နှစ်ရက်ပဲရှိသေးတယ်။
ငါ့ကိုဒဏ်ရာနှစ်ခုပေးဖြစ်အောင်ပေးတယ်
မင်းဘယ်လိုလူလည်းအရိုင်းအစိုင်းကောင်ရယ်"

လက်ကောက်ဝတ်ပါဆေးထည့်ပြီး
လည်ပိတ်အကျနှင့် လက်ရှည်အားဝတ်ကာ
အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။

"နေမကောင်းဘူးလားသား
အနွေးထည်ကိုဘာလို့အပြည့်ဝတ်ထားတာလည်"

နဖူးပေါ်ကိုလက်လာတင်ပြီး
မေးလာသည့်အမေကြောင့်
ထယ်ယောင်းအော်ငိုပြီး
အမေ့ရင်ခွင်ထဲသို့တိုးဝင်ကာ
အော်ဟစ်အော်ပလိုက်ချင်သည်။

"သားရေချိုးတာနည်းနည်းကြာသွားလို့ပါ
ဘာမှမဖြစ်ဘူးမေမေ
စိတ်မပူနဲ့နော်"

"အေးကွယ်
မင်းအဖေကလည်းခရီးကနေပြန်မရောက်သေးဘူး
သားကပဲ ကိုယ့်ကိုကိုယ်ဂရုစိုက်"

"ဟုတ်မေမေ"

ထယ်ယောင်းထမင်းစားချင်စိတ်မရှိတာကြောင့်
ဝင်သလောက်ပဲစားကာ
အပေါ်ထပ်သို့ပြန်တက်လာခဲ့လိုက်သည်။

ကိုယ်ငွေ့မှာအနည်းငယ်ရှိပြီး
စာလုပ်ချင်စိတ်ကလည်းမရှိတာကြောင့်
ထယ်ယောင်းခပ်စောစောပင်
အိပ်ယာဝင်လိုက်သည်။

တင်း!

/Morning Honey/

စောစောစီးစီးဝင်လာသည့်စာကြောင့်
ထယ်ယောင်း၏ကြည်နေသောစိတ်များမှာ
ချက်ချင်းနောက်သွားသည်။

/ ကျောင်းရှေ့မှာစောင့်နေမယ်/

နောက်ထပ်ပြန်ဝင်လာသောစာတစ်စောင်။
ထယ်ယောင်းမျက်မှောင်ကြုတ်ပြီး
ရေချိုးရန်ရေချိုးခန်းထဲသို့ဝင်လိုက်သည်။

Loading..Where stories live. Discover now