Part-15

3.4K 291 35
                                    

<Unicode>
"ဒါကမင်းရဲ့အိမ်ပြန်ချိန်လာ"

ဧည့်ခန်းတွင်းမီးပိတ်ပြီးထိုင်နေသည့်
အဖေဆီမှထွက်လာသောအသံ။
အထိုးခံထားရလို့ နာနေသောမျက်မှာကို လျစ်လျူရှူပြီးအပေါ်ထပ်ပြန်တက်ဖို့ပြင်တော့..

"ရပ်စမ်း"

"ဘာလည်းဖေဖေရာ.."

ဖေဖေက တစ်ခုခုကို
အလေးအနက်စဥ်းစားနေဟန်။
ပြောသင့်မပြောသင့်ကိုလည်း
တွေးတောနေဟန်ပင်။

"လာထိုင် အဖေမင်းကိုတောင်းဆိုစရာကိစ္စရှိတယ်"

"မနက်ဖြန်မှပြောလို့မရဘူးလာ"

ငြင်းမရသည့်အဆုံး
စိတ်ပျက်လက်ပျက်ဖြင့်
အဖေ့မျက်နှာချင်းဆိုင်ဆိုဖာတွင်
ဝင်ထိုင်လိုက်တော့
ဖေဖေက ကျွန်တော့်ကို
အလေးအနက်စိုက်ကြည့်နေတာ။

"Rizlလုပ်ငန်းစုကို ဦးဆောင်ပေး"

အဖေ့စကားကိုကြားတော့
ကျွန်တော် စိတ်ပျက်လက်ပျက်ခေါင်းခါတယ်။ လုပ်ငန်းတွေ companyတွေက
ကျွန်တော်နဲ့မသက်ဆိုင်တာတွေ။
ကိုယ့်ဒုက္ခနဲ့ကိုယ်တောင် စိတ်ရှုပ်နေတာ။

"သားလက်မခံနိုင်ဘူး ကိုကို့ကိုခိုင်းဗျား"

"မင်းအကိုက
သူ့ဝါသနာနဲ့သူအောင်မြင်နေပြီး
အ​ေဖလည်းတာဝန်တွေနဲ့
  Rizlကိုအ​ေဖထိထိရောက်ရောက်
   မလွှမ်းမိုးနိုင်တော့ဘူး။

မင်းအမေကလည်း
ကျန်းမာရေးမကောင်းတော့
  အိပ်ယာထဲလှဲနေတယ်။
သေချာစဥ်းစားစမ်း"

"သားစိတ်မဝင်စားဘူးဖေဖေ
ကိုကို့ကိုပဲ ပြန်ခေါ်လိုက်"

စိတ်ပျက်လက်ပျက်ဖြင့်ပြောပြီး
အပေါ်ထပ်သို့တက်မည်ပြုတော့
  ကြားလိုက်ရသော
   အဖေ့စကားကြောင့် ေခြလှမ်းအစုံမှာ
    တုန့်ခနဲရပ်သွားသည်။

"မင်းရဲ့ကောင်လေးကို ပြန်ရှာပေးမယ်ဆိုရင်ရော.."

နားကြားတွေမှားနေခဲ့တာလာ။
ဖေဖေက အပေးအယူသဘောဖြင့်
စည်းရုံးနေတာ။
နိုင်ငံရေးသမားပီသပါပေတယ်။
သို့ပေမဲ့ဒါက
ကျွန်တော်လိုချင်တဲ့အနေအထားပဲလေ။

Loading..Where stories live. Discover now