Part-10

3.7K 260 11
                                    

<Unicode>
"ငါမင်းတို့နဲ့အလုပ်တွဲမလုပ်ချင်တော့ဘူး"

တိတ်ဆိတ်နေသည့် VIP roomမှာဂျောင်ကုအသံကပြတ်ပြတ်သားသားပင်ပေါ်ထွက်လာသည်။
ဆေးလိပ်ဖွာနေသောဂျော်နီ၏လက်များကတုန့်ခနဲရပ်သွားသည်။

"Hk ရူးသွားတာလားJk
ဒီလောကထဲဝင်ပြီးရင် ပြန်ထွက်လို့မရတော့တာကိုမသိ​တာလာ"

"ငါမလုပ်ချင်တော့ဘူး မင်းဆီကဆေးတွေလည်းထပ်မယူတော့တာမို့ မင်းရဲ့အလုပ်တွေလည်းငါမလုပ်ပေးနိုင်တော့ဘူး"

"မင်းကမသုံးပဲနေနိုင်တယ်ပေါ့ ဆေးစွဲနေတဲ့ကောင်ကများ"

ဂျောင်ကုရဲ့လက်သီးကတင်းခနဲဖြစ်သွားသည်။ ဂျော်နီနဲ့အရှုပ်အရှင်းတွေကို ယွန်ဂီကရှင်းပေးခဲ့ပေမဲ့ သူကဆေးဆွဲနေပြီးဖြစ်တာကြောင့် ဂျော်နီဆီမှာထဲပြီး နစ်နေခဲ့တာပင်။

ဂျော်နီအတွက် မူးယစ်ဆေးဝါးတွေကို သူလိုက်ပို့ပေးခဲ့သည်။ ရလာဒ်အနေနဲ့ဂျော်နီက သူလိုအပ်လာတဲ့အခါ ဆေးခြောက်တွေ ဘိန်းဖြူတွေကိုပေါပေါလောလောနဲ့ထုတ်ပေးလာတတ်သည်။

အလုပ်လုပ်တာသေသပ်တာရော သူ့ရဲ့စျေးကွက်နေရာတော်တော်များများကိုဂျောင်ကုကသိနေတာကြောင့် ဂျောင်ကုကိုလွယ်လွယ်နဲ့လွှတ်မပေးချင်တာပင်။

"ခင်ဗျားရဲ့စျေးကွက်တွေမပေါက်ကြားစေရဘူး
အဲ့ဒီတော့ ဒီအဖွဲ့အစည်းကနေထွက်ခွင့်ပေး"

"မင်းရူးသွားတာလာJk
ဆေးစွဲနေတဲ့လူတစ်ယောက်က ဆေးကိုအတင်းအကြပ်ဖြတ်ရင် ချို့ယွင်းချက်တစ်ခုမဟုတ်တစ်ခုဖြစ်သွားတိုင်တာကို ငါမပြောလည်း မင်းကိုယ်တိုင်သိမှာပါ"

"သိတယ်"

"အဲ့တာကိုတောင်မင်းက အဲ့ဒီလမ်းကိုရွေးတယ်ဆိုပါတော့"

"သွားခွင့်ပြုပါအုံး မစ္စတာ ဂျော်နီ"

ထွက်သွားမည်လုပ်တော့ ဂျော်နီရဲ့အစောင့်နှစ်ယောက်က တံခါးရှေ့တွင်ပိတ်ရပ်ထားသည်။ ဥရောပသားတွေဖြစ်တာကြောင့် လူကောင်ထွားပြီး ဂျောင်ကုနှင့်ယှဥ်လျှင် ပိုထွားနေသည်။

"မင်းကိုဒီအဖွဲ့အစည်းကထွက်သွားခွင့်မပြုနိုင်ဘူးJk"

"ကျွန်တော်ရအောင်ထွက်မှာ!"

Loading..Where stories live. Discover now