Part-6

4.1K 312 17
                                    

<Unicode>
လူမျိုးစုံဖြင့်စည်ကားနေသည့်
Soulတက္ကသိုလ်။
ခါတိုင်းထက်ပိုပြီး
စည်ကားနေရခြင်းက
  ကျောင်းအုပ်ကြီး ကြေညာထားသော လေ့လာရေးခရီးကြောင့်ပင်။

မနက်ဖြန်ကျလျှင်
လေ့လာရေးခရီးထွက်မည်
ဖြစ်သောကြောင့်
  ကျောင်းသားများက စုရုံးစုရုံးဖြင့်
   တိုင်ပင်နေကြခြင်းပင်။

ဆော့ဂျင်က projectကိုအပြီး
လုပ်နေတာကြောင့်
ထယ်ယောင်းမှာတစ်ယောက်ထဲ
ပျင်းနေရခြင်းပင်။
ဘာကြောင့်မှန်းမသိ မိစ္ဆာကောင်ကိုပါ ပတ်ရှာနေမိသည်။

"ဘာလည်း..ဒီနေ့မိစ္ဆာကောင်က ကျောင်းမလာဘူးလာ မနေ့တုန်းက မိုးကြောင့်ဖျားသွားတာများလာ"

ခေါင်းကိုအသာရမ်းလိုက်မိသည်။
သူကဘာလို့အဲ့ဒီအရိုင်းအစိုင်းအတွက်
  စိတ်ပူပေးနေရတာပါလိမ့်။
   မိစ္ဆာကောင်ကျောင်းမလာလေ
    သူ့အတွက်အဆင်ပြေလေပင်။

သို့ပေမဲ့ ခြေလှမ်းများက
သစ္စာဖောက်သည်။
လှမ်းလိုက်သောခြေလှမ်းတိုင်းက
  မိစ္ဆာကောင်၏
  တိုက်ခန်းကိုပင် ဦးတည်နေသည်။

"ငါ တံခါးခေါက်သင့်လာ.."

ဒေါက်! ဒေါက်!

လွန်ဆွဲနေသောအတွေးကိုရပ်လိုက်ပြီး
တံခါးအားအသာခေါက်လိုက်သည်။
သို့ပေမဲ့မည်သူမျှတံခါးလာမဖွင့်ပေး။

ထယ်ယောင်းစိတ်မရှည်သည့်အဆုံး
တံခါးကိုတွန်းဖွင့်ပြီးဝင်သွားတော့
  လော့မချထား။

ဧည့်ခန်းတစ်ခုလုံးက
ရှုပ်ပွနေပြီး ထုံးစံအတိုင်းဘီယာပုလင်းများက ကြမ်းပြင်တစ်လျှောက်လှိမ့်နေပြီး
ဆေးလိပ်တိုအပိုင်းအစများကလည်း
ကြမ်းပြင်ပေါ်ပြန့်ကြဲနေသည်။

အခန်းတံခါးကို ဖွင့်ကြည့်လိုက်မိသည့်
အခိုက်အတံ့။
အခန်းတွင်းရှိ ဆိုဖာပေါ်တွင်
မှိန်းနေသည့်မောင်။
စားပွဲပေါ်တွင် ပြန့်ကြဲနေသော
ငွေရောင်စက္ကူအပိုင်းအစတစ်ချို့နှင့်အတူ
အဖြူရောင် အမှုန့်တစ်ချို့။

ထယ်ယောင်းလည်း
တုံးအအလူတစ်ယောက်မဟုတ်ပါ။
ဥပဒေကျောင်းသားတစ်ယောက်
ဖြစ်တာကြောင့် အမှုပေါင်းစုံကို
နားလည်သလောက်ရှိသည်။
မောင်က မူးယစ်ဆေးသုံးနေခဲ့သည်ပင်။

Loading..Where stories live. Discover now