Part-9

3.7K 286 17
                                    

<Unicode>
ဒီနေ့ကတကယ့်ပြသဒါးနေ့ထင်ပါရဲ့။
ကျောင်းသွားဖို့ဆင်းလာတော့ ခြံပြင်မှာ ဆိုင်ကယ်ကိုမှီပြီး ဆေးလိပ်ဖွာနေတဲ့မိစ္ဆာကောင်။

ညက ကလပ်ကနေပြန်လာတော့ နတ်ဆိုးကောင်ကပြန်လာပို့တာကြောင့် ကိုကိုတို့နဲ့အတူနေတဲ့အိမ်ကိုသိနေခြင်းပင်။

"ဒီနေ့အတန်းပြေးကြမလာHoney"

ခေါင်းခါလိုက်တော့ မိစ္ဆာကောင်ရဲ့မျက်နှာကချက်ချင်းမှောင်မဲသွားသည်။
အလိုမကျသည်ပုံပင်။

"Final စာမေးပွဲကနီးနေပြီးကို အတန်းပြေးချင်နေသေးတာလား ကျောင်းပဲသွားမယ်"

"သဘောကွား"

ထုံးစံအတိုင်းဆိုင်ကယ်ဦးထုတ်ကိုဆောင်းပေးလာသည်။ ကျောင်းရောက်သည်အထိ ဘာစကားမှမပြောဖြစ်ကြ။

မိစ္ဆာကောင်ကတော့ ဆိုင်ကယ်မောင်းနေတာကြောင့်ထွေထွေထူးထူးပြောမနေခြင်း။

"ကန်တင်းသွားမယ်"

လက်ကောက်ဝတ်မှဆွဲကာခေါ်သွားသောကြောင့်
ပါသွားရပြန်သည်။
တစ်ဇွတ်ထိုးလုပ်တတ်သောအကျင့်ကိုလုံးဝသဘောမကျပါ။

"အတန်းတက်ရတော့မှာကို ကန်တင်းကဘာလုပ်မလို့လည်း"

"ထိုင်"

"အတန်တက်ရတော့မယ်လေ"

"ကင်မ်ထယ်ယောင်း!"

"ထိုင်...ထိုင်ပါ့မယ်"

ကန်တင်းမှာတောင် ဆေးလိပ်ဖွာမည်လုပ်နေသည့်မိစ္ဆာကောင်ကြောင့် မီးခြစ်ကိုအမြန်ထုတ်ပြီးမီးညှိပေးရပြန်သည်။

"ကျောင်းဝင်းထဲဆေးလိပ်သောက်ခွင့်မရှိဘူးမောင်"

"Who care?"

ထယ်ယောင်းမှာဘာမှမပြောတော့ပဲ မှာထားပေးသော စတော်ဘယ်ရီမတ်ရှိတ်ကိုပဲသောက်နေလိုက်သည်။

မိစ္ဆာကောင်ဆေးလိပ်ဖွာလို့ဝတော့ အတန်းထဲအထိ လိုက်ပို့ပေးသွားသည်။
အတန်းထဲရှိလူများက ကွက်ကြည့်ကြည့်နေကြသည်။

"အတန်းဆင်းရင်စောင့်နေမယ် ဘယ်သူနဲ့မှမလိုက်နဲ့"

"ဟုတ်"

Loading..Where stories live. Discover now