Part-8

3.8K 302 9
                                    

<Unicode>
ဘာလိုလိုနဲ့ ထယ်ယောင်းသူ့ကိုအဆက်အသွယ်မလုပ်တာတစ်လပင်ရှိပြီး။
ဖုန်းဆက်တိုင်းလူကြီးမင်းနဲ့ပင်တိုးနေသည်။
လေ့လာရေးခရီးကနေပြန်လာတော့လည်းပါမလာ။
သူ့သူငယ်ချင်းဆော့ဂျင်ကိုမေးကြည့်တော့လည်း
ဘာမှသိတဲ့ပုံမပေါ်။
ဘန်ကောက်သွားမည့်လေယာဥ်လက်မှတ်ယူပြီး
ထွက်သွားတာကလွှဲလို့ဘာမှမသိရ။

အရေးကြီးကိစ္စဆိုလျှင်တောင်အနည်းငယ်တော့တိုင်ပင်သင့်တာကို ကင်မ်ထယ်ယောင်းက သူ့ကိုဂရုမစိုက်တဲ့စောက်ချိုးတွေ ချိုးသွားတာ!

"အား!!!  မင်းဘာစောက်ချိုးချိုးတာလည်းကင်မ်ထယ်ယောင်း"

လူကြီးမင်းနှင့်ပင်တိုးနေသောဖုန်းကို
နံရံထက်သို့ပစ်ပေါက်ပြီးမိတ်ဆက်ပေးလိုက်သည်။
စိတ်များမှာလည်းဂယောင်ခြောက်ချားဖြစ်နေသည်။
ခုတလော ဂျောင်ကု၏အခြေအနေမှာ ဆိုးသထက်ဆိုးလာသည်။

ခန္ဓာကိုယ်မှာတစ်ခုခုလိုအပ်လာတာကြောင့်
အံဆွဲအားအမြန်ဆွဲဖွင့်လိုက်ပြီး
အထုတ်တစ်ထုတ်အား ထုတ်ယူလိုက်ကာ စာရွက်ဖြူဖြူထဲဆေးမှုန့်တစ်ချို့လောင်းထည့်ပြီး
ရှူသွင်းလိုက်ကာ နှခေါင်းအားပွတ်ပြီး မှိန်းနေလိုက်သည်။

ဆေးသုံးနေရတဲ့အချိန်ဆိုရင်
သူ့စိတ်အခြေအနေမကောင်းတာတွေတော်တော်များများကိုမေ့သွားတတ်သည်။
ခုလည်းကြည့်ပါလား ကင်မ်ထယ်ယောင်းကိုတောင်သူမေ့သွားပြီ။
သူလိုချင်တာ ဒါပဲမလား...။

ယွန်ဂီမှာအခန်းထဲဝင်လာတော့
ဂျောင်ကု၏ကိုကြည့်ပြီးခေါင်းအသာရမ်းကာ
အိပ်ယာထက်မှောက်အိပ်လိုက်သည်။

သူ့အနေနဲ့ တားချင်သော်လည်း
ထိုသကောင့်သားမှာ အလွန်အကျွံဆေးစွဲနေပြီဖြစ်တာကြောင့်
ဘယ်လိုတားလို့တားရမှန်းမသိ။
သူကတော့ ဖြတ်ဖို့အချိန်မှီသေးတာမို့
အချိန်ယူပြီး ဖြတ်ရန်စဥ်းစားထားပြီးသားပင်။

ဘာလို့ဆို အကိုဂျီမင်လိုဆရာဝန်တစ်ယောက်က
ဒီလိုကိစ္စတွေနဲ့ပတ်သတ်လာရင်သူ့ကိုနားလည်ပေးမည်မဟုတ်မှန်းသိပြီးသား။
သူ့အတွက် ဖြတ်သင့်တာတွေတော့ဖြတ်ရလိမ့်မည်။

Loading..Where stories live. Discover now