Part-7

3.8K 300 13
                                    

<Unicode>
22.12.2022..

Soulတက္ကသိုလ်မှကျောင်းသားများမှာ
လုံးဝတက်ကြွနေကြသည်။
သြစတျေးလျရှိ Hilier lateသို့
လေ့လာရေးခရီးသွားမှာဖြစ်တာကြောင့်
အားလုံးမှာစိတ်ဝင်တစားရှိကြသည်။

မနေ့ကဖြစ်ခဲ့တဲ့ပြသနာများကြောင့်
ထယ်ယောင်းမှာ မလိုက်ချင်သော်လည်း
ဆော့ဂျင်၏ အတင်းတိုက်တွန်းမှုကြောင့်
လိုက်ပါလာရပြန်သည်။

လေယာဥ်ကွင်းတွင်လည်း
ကျောင်းသားများမှာတစ်ရုန်းရုန်းပင်။
နာရီတစ်ကြည့်ကြည့်ဖြစ်နေသော
ထယ်ယောင်းကိုဆော့ဂျင်မျက်လုံးနောက်လာသည်။

"လေယာဥ်ပေါ်တက်ရအောင်ကွား
မင်းလူက လာမှာမဟုတ်ပဲနဲ့"

"ဘယ်..ဘယ်သူကသူ့ကိုစောင့်နေတယ်ပြောလို့လည် ငါကဒီအတိုင်း လေယာဥ်ပေါ်မတက်ချင်သေးလို့ပါနော်"

ကတ်ကတ်လန်အောင်ပြန်ပြောသော
မျောက်ကောင်ကြောင့်
ဆော့ဂျင်မှာခေါင်းသာအသာယမ်းလိုက်သည်။
တစ်အောင့်ခန့်ကြာတော့
လေယာဥ်ထွက်တော့မည်ဖြစ်သောကြောင့်
ဆိုင်ရာအသီးသီးလောယဥ်ပေါ်တက်သွားသည်။

တင်း!

လေယာဥ်မတက်ခင်messageဝင်လာတာကြောင့်
မောင်များဖြစ်နေမလားဆိုသောအသိဖြင့်
ထယ်ယောင်းဖုန်းဖွင့်ကြည့်လိုက်သည်။

/သားရေ မေမေမင်းဖေဖေနဲ့ ဘန်ကောက်ဘက် ခရီးခဏထွက်မလို့ကွယ် သားလည်းခရီးမှာပျော်ခဲ့နော် သားမအားမှာဆိုးလို့စာပဲပို့လိုက်တယ် /

Contectကိုကြည့်လိုက်တော့ မေမေဟူသည့်neckname.

/ဟုတ် မေမေတို့လည်း များများပျော်ခဲ့နော် ချစ်တယ်/

ထယ်ယောင်းစာပြန်ပို့ပြီး လေယာဥ်ပေါ်သို့တက်ခဲ့လိုက်သည်။
မောင်ကတော့သူ့ကိုနည်းနည်းမှဆက်သွယ်မလာပါ။
စိတ်ဆိုးနေမယ်ဆိုတာသိလျှက်နှင့်ကို
မျက်နှာပြောင်တိုက်ပြီးပစ်ထားရက်တာကိုတော့
အံ့သြလှသည်။

"ကုကီရေ..ကိုကိုဝင်လာမယ်နော်"

ကလပ်မှ မိုးလင်းခါနီးမှပြန်ရောက်၍
ထပ်အိပ်မယ်လုပ်တုန်း
တံခါးလာခေါက်တာကြောင့်
ဂျောင်ကုတံခါးထဖွင့်ပေးလိုက်သည်။

Loading..Where stories live. Discover now