Part-20

3.1K 278 31
                                    

<Unicode>
"ကင်မ်ထယ်ယောင်း!! ကင်မ်ထယ်ယောင်း!! ခင်ဗျားဘယ်မှာလည်း!!"

နိုးနိုးလာချင်း ဘေးတွင်တစ်စုံတစ်ယောက်ရှိမနေဘူးဆိုသည့်အသိက လွန်ခဲ့သော5နှစ်က အိပ်မက်ဆိုးတွေအတိုင်းပင်။

ဟင်အင်း။ မဖြစ်ဘူး။
ဒီလိုတော့ထပ်အဖြစ်မခံနိုင်ဘူး!။ ကင်မ်ထယ်ယောင်းခင်ဗျား ထပ်ထွက်ပြေးလို့မရဘူး!။

အိမ်အပြင်ဘက်သို့ပြေးထွက်သွားလိုက်တော့ခြံတံခါးကပွင့်နေသည်။ ဒေါသကြောင့်ရော စိတ်အလိုမကျတာပါပေါင်းပြီး ဘေးနားမှပန်းအိုးအား ပစ်ခွဲလိုက်မိသည်။

"ကင်မ်ထယ်ယောင်း!! ခင်ဗျားထွက်ပြေးပြန်ပြီး!!"

ဖုန်းအားကောက်ယူလိုက်ပြီး နံပါတ်တစ်ခုအားချက်ချင်းဆက်လိုက်သည်။ စက္ကန့်ပိုင်းလောက်ပင်ကြာတော့ တစ်ဖက်မှချက်ချင်းတုန့်ပြန်လာသည်။

"ကင်မ်ထယ်ယောင်းရဲ့မွေးစားအဖေ ပတ်အဖိုးကြီးရဲ့companyက ငါ့share50%ကိုအကုန်ခုချက်ချင်းထုတ်လိုက်Jack!!"

"ဟုတ်ပြီboss"

ဖုန်းချလိုက်ရင်း သက်ပြင်းအသာချလိုက်ကာ ဆိုဖာပေါ်ထိုင်ရင်း phone screenပေါ်မှပုံကိုသာစိုက်ကြည့်နေမိသည်။ ထိုလူက ဂျောင်ကု၏ နှစ်ယောက်မရှိသော ချစ်ရသူကင်မ်ထယ်ယောင်း..။

"Honey.. မင်းဟာလေ ဒီမောင်ကိုအမြဲတမ်းစောက်ရူးဆန်အောင်လုပ်တယ်..

မင်းထွက်ပြေးလို့မရဘူးအသက်ရ.."

.
.
.
.
.
ထယ်ယောင်းမှာ မေမေနဲ့ကိုကို့ကိုစိတ်ပူတာကြောင့် အိမ်သို့ဂျောင်ကုမနိုးခင်ပြန်လာလိုက်ချင်းပင်။
မေမေတို့ကတော့ အရမ်းစိတ်ပူနေကြပေမဲ့ အကျိုးသင့်အကြောင်းသင့်ရှင်းပြလိုက်တော့ စိတ်ချသွားကြပုံပင်။

မနက်စာစားနေတုန်း ကိုကိုက ဟင်းတစ်မျိုးပြီးတစ်မျိုးထည့်ပေးနေသည်။

"များများစားငယ်လေး"

"ဟုတ်ကိုကို"

မနက်စာစားနေတုန်းဖုန်းလာတော့ ကိုကိုကဖုန်းကိုင်လျှက်ပင် မနက်စာကိုဆက်စားနေသည်။
ဖုန်းလည်းပြောပြီးရော ကိုကို့မျက်နှာမှာ ချက်ချင်းမှောင်ကျသွားပြီး တစ်ခုခုကိုပြောသင့်မပြောသင့်တွေးေနဟန်ပင်။

Loading..Where stories live. Discover now