Part-14

3.2K 295 21
                                    

<Unicode>
"ငါမင်းကိုလက်မခံနိုင်ဘူးယူဂျင်"

ကျွန်တော်နာနာကျင်ကျင်ပြုံးမိတယ်။
ထယ်က ကျွန်တော့်ကိုသဘောမကျမှန်းသိပေမဲ့ ယခုကဲ့သို့ ယတိပြက်ကြီး ငြင်းလိမ့်မည်ဟု ထင်မထားတာကြောင့်ပင်။

သောက်လက်စcoffeeခွက်ကိုမော့ရင်း လမ်းမပြင်ကိုငေးကြည့်နေမိခဲ့တာ။
ဒီနေ့ကအပူချိန်32°Cရှိတယ်လို့ကြေညာထားတယ်။
ထယ့်ရဲ့နဖူးမှာချွေးစေးလေးတွေကပ်နေတာကို မျက်လုံးထောင့်ကနေမြင်မိတယ်။

"ချွေးသုတ်လိုက်အုံး"

tissueက ကမ်းပေးတော့ ထယ်ကခေါင်းခါပြီး သူ့ဘာသီသူtissueအသစ်ကိုလှမ်းယူပြီးချွေးသုတ်နေတယ်။ ကျွန်တော်နာနာကျင်ကျင်ပြုံးမိတယ်။
ထယ်က ကျွန်တော့်ကိုအရာရာတိုင်းမှာငြင်းဆန်နေခဲ့တာ။

"ကိုယ်တို့အရင်လိုပြန်ဖြစ်နိုင်သေးလာထယ်"

ထယ်က ကျွန်တော့်ကိုမျက်လုံးလေးတွေလှန်ကြည့်ပြီး ခေါင်းအသာညိတ်တယ်။
ဘယ့်နှယ့်ဗျား။
တစ်မျိုးတစ်ဖုံလေးကို ချစ်ဖို့ကောင်းနေပြန်ရော။

"ငါပြောခဲ့တာတွေကိုစိတ်ထဲမထည့်နဲ့ စိတ်ရူးပေါက်ပြီး လျှောက်ပြောတယ်လို့ပဲသဘောထားလိုက်"

"အင်း.."

"ဒါဆိုငါတို့ပြန်ကြတော့မလာ ထယ်"

"ပြန်ကြတာပေါ့ ငါစာကျက်စရာတစ်ချို့ရှိနေသေးလို့ "

"okay ငါပြန်လိုက်ပို့မယ်"

အပြန်လမ်းကတိတ်ဆိတ်လွန်းသည်။
ခါတိုင်းကြားနေကျ ထယ်၏ရယ်သံလေးများကိုမကြားရတော့။ မမြင်ရတဲ့ဆက်ဆံရေးကြိုးတစ်ချို့ကတော့ ပြတ်တောက်သွားတာအမှန်ပင်။

ကိုယ့်ကိုကိုယ်မှန်ထိကြည့်မိတော့ ချောင်ကျသွားသော မျက်နှာနှင့်အတူ နှုတ်ခမ်းမွှေးရေးရေးလေးများကထပ်ပြီးပေါက်လာသည်။
သန့်ရှင်းလေးလုပ်ပေမဲ့ အရင်ကလောက်သန့်ပြန့်မနေ။ အခန်းအောင်းရတာကြာလာတော့ မျက်ဝန်းများမှာ နေရောင်ခြည်ဖြင့်ထိတွေ့နိုင်ရဲ့လားတောင်မသိရတော့။

"မောင် မင်းကိုရှာတော့မှာHoney"

ကျွီး......

တံခါးဖွင့်သံနှင့်အတူ ဝင်လာသည့်ယွန်ဂီ။
သကောင့်သားမှာတော့ အမြဲတမ်းမျက်နှာထားကတင်းနေမြဲ။ ဟုတ်လည်းဟုတ်မှာပေါ့လေ။ ကိုကိုကထပ်ပြီးထွက်သွားပြန်တာကိုး။

Loading..Where stories live. Discover now