Part-7

17K 991 53
                                    


Unicode

သူကြီး...လင်

Part-7

အလူပွဲ ပြီးသွားချိန်မှာတော့...
သူကြီးနဲ့ လင်းလက်ရာရဲ့ သတင်းဟာ
ခရေးတန်းရွာတင်မက ထန်းတစ်ပင်ရွာနဲ့
အနောက်ရွာအထိ ပျံ့နှံ့သွားသည်။

" မင်းရှာတဲ့ပြသနာ တွေ့ပြီလား
လင်းလက်ရာ...'' !!

" ကျွန်တော်ရှာသလား...  ခများရှာသလား
သေခြာတွေး ဦးအာဏာခွန်းဆက် ''

" သြော်.. လူကြီးမဟုတ်တော့ဘူးလား.. ''?

" ဟွန့်... !! ခေါ်ခြင်လွန်းလို့များ
ထင်နေလား...သောက့်​မြင်ကပ်ကပ်နဲ့
ခေါ်ခဲ့တာ..ခများလို ညဏ်နီညဏ်နက်
ညဏ်နရွက် ကြီးလွန်းတဲ့လူကို
သောက်မြင်ကပ်လို့ကိုခေါ်ခဲ့တာရှင်းပြီလား..''?

" မင်း... !! "

အာဏာ ကိုယ့်အမှားနဲ့ကိုယ်ဆိုတော့
အရှေ့ကမျက်စောင်းတစ်ဝင်းဝင်းနဲ့
ခွေးပေါက်စကားတွေကို အံတစ်ကြိတ်ကြိတ်နဲ့သာ
ငြိမ်ခံနေလိုက်ရသည်။

မနက်က..အလူပွဲထဲမှာလူကို... စိတ်ကြိုက်လာ
နမ်းပြီး...ပြောတဲ့စကားကသောက်မြင်ကပ်လို့တဲ့။
သောက်မြင်ကပ်ရင်အဲ့လိုနမ်းလို့ရ
တာလား။မှတ်သားလောက်စရာ။

လူပုံအလယ်...လူကြီး.ခေါ်လိုက်။
ချစ်တယ်ပြောလိုက်။ သားကိုမနိုးဘူး
ပစ်သွားတယ်ပြောလိုက်။တစ်ရွာလုံး
သူနဲ့ကိုယ်လင်မယားဖြစ်နေပြီ ထင်အောင်
လုပ်ချခဲ့တယ်။ ပြီးတော့.ကိုယ့်အပေါ်တောင်
လှမ်းမ​ခြောက်တတ်တဲ့ ကလေးလို
ကုတ်တက်လိုက်သေး။

ပြီးလည်းပြီးရော။ဘုန်းကြီးကျောင်း
အပြင်လည်းထွက်လူတွေလည်းရှင်းရော
ကိုယ်ပုခုံးကိုကိုက်ပြီး..ကိုယ့်လက်ပေါ်က
ချောဆင်းလိုက်တာ..အကျီ်အောက်နေတဲ့အသား
တောင်သူ့သွားချွန်ချွန်တွေကြောင့်
သွေးစို့တဲ့အထိ။

သူလုပ်ခြင်ရာလုပ်ပြီးတော့..
လူကိုမျက်စောင်းတော်ထိုးပြီး
ပြောသွားလိုက်တာက...

" သောက်ကျင့်အကောင်းတဲ့
ဘိုးတော်... ''တဲ့လေ။

ဟက်... !? သူကဘဲပြောရတယ်ရှိသေး။
ကိုယ့်ကို သူ့စိတ်ကြိုက်ချယ်လှယ်ခဲ့သူဆီက
အပြောခံရတဲ့စကားက..သောက်သုံးမကျတဲ့
ဘိုးတော်တဲ့။

သူကြီး..လင်.. (unicode./ zawgyi) Место, где живут истории. Откройте их для себя