|| 46 ||

10.6K 546 10
                                    

Unicode

" မောင့်ကလေးလေး ''

" မရှိဘူး...ဘယ်သွားလည်း
မသိဘူး..လာမခေါ်နဲ့''

ကဲကြည့်။ကိုရွှေဗိုက်လေးကတော့။
အရှေ့မှာငုတ်တုတ်တုတ်ထိုင်နေပြီး
မရှိဘူး..ဘယ်သွားလည်းမသိဘူးတဲ့။

မောင့်ကလေးကတော့အတော်ဆိုးတာဘဲ။

" မောင့်ကလေးက..မောင်ဘာ
ပြန်လုပ်ပေးမှစိတ်ကောက်ပြေမှာလည်း
မောင့်ကိုပြော..မောင်အားလုံးလုပ်ပေးမယ်''

" ကျုပ်စိတ်ကောက်နေတယ်လို့
ခများကိုဘယ်သူပြောလည်း..
စိတ်ဆိုးနေတာဗျ..စိတ်ဆိုးနေတာ.
ပြီးတော့စိတ်ကောက်ရအောင်
ကျုပ်ကမိန်းကလေးမဟုတ်ဘူး''

ဗိုက်လုံးလေးကိုရှေ့ပစ်ထိုင်ချပြီး
စူပုတ်ကာပြောနေသူလေးကိုကြည့်၍
အာဏာအသည်းတစ်ယားယား
ဖြစ်နေတော့သည်။

ပြောပုံကလေးကလည်းကျုပ်မိန်းကလေး
မဟုတ်ဘူးစိတ်ကောက်ရအောင်တဲ့။
ဒါဆိုအရင်ကစိတ်ကောက်တတ်သူ
လေးကသူမဟုတ်ခဲ့သလို။

ရေချိုးပြီးစကလေးငယ်ကို
ပါးကွက်ကြီးကြီးကွက်ပေးထားဒါ
ကြောင့်သနပ်ခါးရနံ့လေးက
ကလေးငယ်အနားကပ်လိုက်တိုင်း
နှားခေါင်းထဲသို့သင်းပျံ့စွာဝင်ရောက်လာသည်။

စိတ်ကောက်နေသူဗိုက်လုံးလေးကလေ။
လူကသာစိတ်ကောက်သာ။သူချက်ကျွေးတဲ့
ထမင်းကိုစားတဲ့အပြင်သူခတ်ပေးတဲ့
ရေကိုလည်းချိုးပြန်တယ်။

သူထုတ်ပေးတဲ့ဝတ်စုံကိုဝတ်ထားပြီး
သူသနပ်ခါးလိမ်းပေးတော့လည်း
ငြိမ်နေပြန်သေးတယ်လေ။

" ပြွတ်.. ''!!

" ဟာ.. ခများ ''!

သူ့ကိုကောက်လို့ကျောပေးထပါ
တယ်ဆိုအရှေ့မှာလာထိုင်ပြီး
သူများပါးကိုလာနမ်းနေတယ်။

" ခများကို.ကျုပ်စိတ်ဆိုးနေတာနော်
ပါးလာနမ်းခိုင်းနေတာမဟုတ်ဘူး''

" မချစ်ဘူးလား.. ''?

" ဘာလာမေးနေတာလည်း''

" ပြွတ် ''!

"ခများနော်.. ''!

" ပြောကွာ..ချစ်လားလို့ ''!

ပါးနမ်းကာကလေးကြီးလို
သူ့လက်ဖဝါးလေးကိုဆုတ်ကိုင်
ခါယမ်းပြီးချွဲနေသူကြောင့်
လက်ရာရယ်ခြင်စိတ်ကိုမနည်းထိန်းနေရသည်။

သူကြီး..လင်.. (unicode./ zawgyi) Dove le storie prendono vita. Scoprilo ora