|| 44 ||

11K 569 14
                                    

Unicode

" မောင်.. ''!

" ဗျ ''

ခေါ်လိုက်သူကဆောင့်ဆောင့်
အောင့်အောင့်ဆိုပေမဲ့ပြန်ထူးသူ
ကတော့ပျားရည်လိုချိုသာ
နေသောကြောင့်လက်ရာမသိမသာ
လေးပြုံးလိုက်မိသည်။

အမှန်ဆိုသူမောင့်ကိုစိတ်ကောက်
ခြင်လို့ဆောင့်ဆောင့်အောင့်အောင့်
နဲ့မောင်လို့ခေါ်လိုက်တာ။

ပြန်ထူးသူကချိုသာနေတော့
သူ့ရဲ့စိတ်ကောက်မဲ့အတွေးလေး
တောင်ဦးနှောက်ထဲတစ်ဝဲလည်လည်နဲ့
ကျန်ခဲ့လေပြီ။

" ပြောလေ.မောင့်ကလေးလေးနဲ့
ခေါ်ပြီးမှတိတ်ဆိတ်နေလိုက်တာ
မောင့်ကလေးနဲ့မတူသလိုဘဲ''

" မောင်နော်.. ''!

" မောင်ကစတာပါ..နှုတ်ခမ်းလေး
ကမစူလိုက်ပါနဲ့''

နှုတ်ခမ်းဖျားလေးနဲ့လက်နဲ့အသာ
ဆွဲညစ်ပြီးပြောနေသူမောင်က
သိပ်ချစ်ဖို့ကောင်းသည်။

" မောင်အကျင့်မကောင်းဘူး''

" ဟောဗျာ.. မောင်ဘာလုပ်မိလို့လည်း
မောင်ဘာမပြစ်တွေလုပ်မိလို့
အကျင့်မကောင်းသူဖြစ်ရတာလည်း
ပြောအုန်း''

" ညက..ဘယ်သွားလည်း''?

ကလေးငယ်အပြောကြောင့်
အာဏာပြုံးလိုက်သည်။

" ညက...တစ်ရေးနိုးလို့မောင့်ကို
ကြည့်တော့မောင်အိပ်ယာမှာ
မရှိဘူး...မှန်မှန်ပြောနော်ကျုပ်က
လိမ်တာမကြိုက်ဘူး..လိမ်တဲ့အလုပ်ဆို
ကျုပ်ဘဲလုပ်မယ် မောင်မလုပ်ရဘူး''

တော်တော်တရားကျတဲ့
ကျုပ်ကလေးလေးပါလား။

" မောင်..အလုပ်သွားလုပ်တာ''

" ညကြီးအလယ်ခေါင်လုပ်တဲ့
အလုပ်ကဘာအလုပ်များလည်း
ကျုပ်ကဗိုက်ကြီးနဲ့အိမ်မှာ
တစ်ယောက်ထဲကျန်ခဲ့ရတာကျုပ်တစ်ခုခု
ဖြစ်သွားမှာခများမစိုးရိမ်ဘူးလား''

" မောင်ကလေးတစ်ယောက်ထဲလို့
ဘယ်သူပြောလည်း''

" မောင်အိမ်မှာမရှိရင်.ကျုပ်က
တစ်ယောက်ထဲကျန်ခဲ့မှာဘဲလေ''

" မောင့်လူချန်ခဲ့ပြီးမှသွားဒါပါ''

" မလိုခြင်ဘူး..မောင့်ကိုစိတ်တိုတယ်
ဒီနေ့ကျုပ်ကိုမခေါ်နဲ့တော့''

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now