||49||

10.1K 552 17
                                    

Unicode

" ကလေး.. ''!

" အင်..မောင်..ကျုပ်..ဗိုက်ဆာ
ပြန်ပြီ''

" ဟော့..ည​ေနကမှ ထမင်းစားပြီးသာလေ ''

" အဲ့ဒါက ညနေစာလေ
ညစာမှမဟုတ်တာ..လုပ်ပါ
ဗိုက်ဆာတယ်တစ်ခုခုပြင်ပေးလို့ရမလား''

အချိန်ကညအတော်နက်နေပြီ။
အိပ်ချိန်မှာမအိပ်ဘဲဟိုဘက်လိမ့်
ဒီဘက်လိမ့်လုပ်နေတဲ့ကလေးငယ်
ကြောင့်မေးလိုက်တာ..
လိမ့်နေတဲ့အကြောင်းအရင်းကဗိုက်ဆာ
လို့တဲ့လေ။

တော်တော်စားနိုင်တဲ့ကိုရွှေဗိုက်။

" အင်.. မောင်..နှင်းနွယ်ကို
နိုးပြီးကြက်ဥပြုတ်ခိုင်းလိုက်မယ်
ခဏစောင့်နော်''

"ကြက်ဥမုတ်ဘူးဘဲဥ.. ဘဲဥစားမှာ''

" ရစေရမယ်စိတ်မပူနဲ့ ''

" ဟီး..မောင် အိပ်ရေးပျက်သွားပြီ''

" မပျက်ပါဘူး..မောင့်ကလေးလေးသာ
ဗိုက်ဆာဒါနဲ့ အိပ်ရေးပျက်ရရှာတာ
ခဏလေးစောင်ံ့နော်..မောင်အမြန်ဆုံး
သွားလုပ်ခိုင်းခဲ့မယ်''

" ဟီး..ဟုတ် ''!

ဆံနွယ်လေးများကြားလက်ကို
ခပ်ဖွဖွထိုးဝင်ကာဆံနွယ်တွေကို
ဖွ၍ ပါးချိုင့်ကြီးတွေပေါ်အောင်
ပြုံးပြီးအိပ်ယာကထွက်သွားသူ
မောင့်ကိုကြည့်၍ လက်ရာ
နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်၏။

စူထွက်နေတဲ့ဗိုက်ကိုအသာထိန်းပြီး
အိပ်ယာကကုန်းထကာမောင်အလာကို
စောင့်နေလိုက်သည်။
.
.
.
. ​'' မြန်မြန်လုပ်ပါဆို ကြာလိုက်တာ''

'' အဖေ..မီးကလေ..တောက်နိုင်
သလောက်ဘဲတောက်မှာ
ရေနွေးအိုးဆူမှဘဲဥကကြက်မှာလေ
သမီးအမြန်လုပ်ယူလို့မှမရတာ''

'' တော်..ရှည်ပါသားကြီးဘဲ
လုပ်နေတာ..မီးထည့်ခိုင်းတာကို
ငိုက်နေပြီး''

'' ငိုက်မှာပေါ့..သမီးအိပ်ချိန်ကို
နှေက်ယှက်တာကအဖေလေ''

ပြာယာခတ်နေတဲ့အဖေကိုနှင်းနွယ်
စူအောင့်အောင့်နဲ့ပြန်ပြောလိုက်တော့
ရောက်ရှိလာတဲ့ခေါင်းပေါ်က
အဖေ့လက်တစ်ဖက်။

" ဂွတ် ''!!

" အား.း.အဖေ့.. '

'' နင့်ကိုငါမွေးထားဒါ..
ဒါလေးခိုင်းတာကို..ပွစိပွစိလာမပြောနေနဲ့''

သူကြီး..လင်.. (unicode./ zawgyi) حيث تعيش القصص. اكتشف الآن