Part-9

17.4K 979 85
                                    

Unicode

သူကြီး...လင်

Part-9

" ဟေ့လူ..ခများ..! .ခများဘာလုပ်တာလဲ''?

" ဟက်...မင်းလေးဘဲ..
အရောင်ရော့အောင်နမ်းဆို...''

" ဟုတ်တော့ဟုတ်တယ်လေ..ဒါပေမဲ့
ခများ...ခများဘာလို့...လူကို
လာပွေ့နေတာလဲ''

အရောင်ရော့အောင်ခများနမ်းပေးလို့
ပြောလိုက်မိတာနဲ့ နှုတ်ခမ်းဒေါင့်တစ်ဖက်
ကွေးညွှတ်အောင်ပြုံးပြီး
ဘာမပြောညာမပြောလူကို
ဒူးခေါင်းဆစ်ကနေ ဆွေ့ကနဲ
ပွေ့ထလိုက်တဲ့ သူကြီး။

လက်ရာ..လန့်လန့်နဲ့ မေးလိုက်တော့
သူကြီး..ခနဲ့ပြုံးကြီးပြုံးလာပြန်ကာ။

" နမ်းမလို့လေ...တဲအောက်မှာဆို
လူတွေမြင်လိုက်မယ်..တဲပေါ်ပွေ့တင်
သွားမလို...ဒါမှအားရပါးရလူတွေ
မမြင်အောင်..နေရာမလွှတ်နမ်းလို့ရမှာ''

" ဟာ..ခများ...ကျွန်တော်
အဲ့လိုနမ်းခိုင်းတာမဟုတ်ဘူး...ပြန်ချ
အခုပြန်ချ''

အာဏာ..ရုန်းကန်နေတဲ့လက်ရာကို
ဂရုမစိုက်ဘဲ တဲပေါ်တက်တဲ့
ဝါးဆစ်လှေကားလေးကို
အသုံးပြုပြီးတဲပေါ်အထိ
ပွေ့တက်သွားလိုက်သည်။

ပုဆိုးကို ဒူးခေါင်းဆစ်အထိသာ
ဝတ်တတ်တဲ့ခွေးပေါက်က..သူပွေ့ထား
ဒါကိုအလိုမကျဘဲ ရုန်းကန်နေလိုက်တာများ
ဘားမှမဖုံးမအုတ်ထားတဲ့..
ခြေသလုံးဖွေးဖွေးလေးနှစ်ခု
ထိခိုက်မိပြီး...အနီးရောင်သန်းလာတဲ့အထိ။

နောက်တစ်ခါ...ဒီကောင်လေး..ပုဆိုးဒူးခေါင်း
လောက်ဝတ်တာကိုတားရမယ်။
ဒီလောက်လှတဲ့ခြေထောက် ဒီနေ့ကစပြီး
ကိုယ်ကလွဲလို့ဘယ်တစ်ယောက်မှမကြည့်စေရဘူး။

" ခများ...!! ချပေးလို​့ ''

" ဘယ်လိုဖြစ်နေတာလဲ...ခွေးပေါက်ရယ်
ချပေးမှာပေါ့..မလောပါနဲ့''

" ခများ... !! "

လက်ရာမျက်နှာကြီးနီရဲသွားရသည်။
ဒီလူ..စကားကိုဘယ်လိုတွေပြောနေလဲ
မသိဘူး။

ဘာလဲ...ဒီလူဆိုးလူမိုက်လေးက
ရှက်တတ်သေးတယ်ပေါ့။
ဟက်...!! ရှက်နေတဲ့မျက်နှာလေးက
နဂိုမျက်နှာလေးထက် ပိုလှတယ်။
နောက်ဆိုဒီမျက်နှာတွေ့ရဖို့အမြဲစနေမှဘဲ။

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now