|| 47 ||

10.5K 556 7
                                    

Unicide

" မောင်.သေခြာလား..
ဒါသွေးတွေ မဟုတ်ဘူးဆိုတာ
ကျုပ်ရနေတာ လူသွေးညီန့ံနော်
မောင်မလိမ်နဲ့''

သွေးကွက်တွေကို ကလေးငယ်
မြင်သည်နှင့် ကြက်သွေးဟု
လိမ်ပြီးအကျီ်ချွတ်ကာ
တစ်ခါထည်းချှော်နေခြင်း။

အဝတ်ကိုလက်နဲ့အသေဖိ တိုက်ပြီး
အစွန်းချွတ်ေနပေမဲ့
အစွန်းနေတာမပျောက်နိုင်
သေးပေ။

" မောင် မလိမ်ပါဘူး
တစ်ကယ်ကြက်သွေးနံ့ပါ''

" ကျုပ်က လူတွေကိုထွေးထွက်သံယို
ထိုးလာတဲ့လူမိုက်ဖြစ်ဖူးတယ်နော်
မောင်ကျုပ်ကိုလိမ်စိတ်အဆိုးဆုံးဘဲ''

ခြေဆောင့်ကာအိမ်ပေါ်တက်သွားသူကို
အဝတ်ချှော်နေရာကအာဏာ
မော့ကြည့်၍သက်ပြင်းချလိုက်တော့သည်။

တစ်ကယ်ဘဲ။သူ့ကလေးငယ်က
ညာလို့မရဘူးဘဲ။

အကျီ်ကိုညမိုးမှောင်နေပြီမို့
မလှန်းတော့ဘဲတန်းမှာသာ
ပတ်ထားပြီးအိမ်ပေါ်တက်လိုက်သည်။

ထမင်းစားပွဲဝိုင်မှာထိုင်နေပြီး
စူပုတ်နေသူလေးအနားတိုးကပ်
ထိုင်လိုက်၍။

" မောင်မလိမ်တော့ဘူး..
ဟုတ်တ်..လူသွေးတွေ''

" မောင်.. ''!

" သိတယ်..မောင့်လက်သွေးပေတာ
ကလေးမကြိုက်မှန်း..ဒါကြောင့်
မောင်မပြောပြတာပေါ့။
မောင်ကသူကြီးတစ်ယောက်ကလေး
မောင့်မှာတရားမျှတအောင်လုပ်ရမဲ့
တာဝန်ရှိသလို။လူသူမသိအောင်
တရားမျှတမူ့မရှိဘဲအမှန်တရားရှာရတာ
မျိုးလည်းရှိတယ်..မောင်ကလူကောင်း
တစ်ယောက်တော့မဟုတ်ဘူး။''

" မောင်က..လူကောင်းပါ''

ကလေးငယ်အပြောကြောင့်
အာဏာကျေနပ်စွာပြုံးလိုက်သည်။

" အဲ့သွေးတွေက သုဘရာဇာ
ဦးဝင်းမြိုင်ရဲ့သွေးတွေ..''

လက်ရာမျက်ခုံးလေးပင့်သွားသည်။
သူထင်တော့ထင်သား။
ဇရပ်မီးလောင်တာနဲ့သုဘရာဇာကြီး
ပျောက်သွားတဲ့ကိစ္စကမောင့်
လက်ချက်ဆိုတာ။

" မောင် သူ့ကို ကောင်းကောင်မွန်မွန်
​ပြောတယ် ဆေးတွေရဲ့ပိုင်ရှင်
ဘယ်သူဆိုတာ ရွာသားတွေကို
ပြောပြဖို့ သူကမပြောဘူးလို့
ခေါင်းမာနေတာ..ဒါကြောင့်မောင်သူ့ကို
ဖမ်းလိုက်ရတာ...ပြီးတော့ဆေးတွေဖွက်ထားတဲ့
ဇရပ်ကိုလည်းမီးရှို့ပစ်လိုက်တာ''

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now