|| 42 ||

11.4K 563 10
                                    

Unicode

" ဟင့်အင်း..လက်ရာ..
နင့်ကိုငါကြောက်တယ်..
ငါမလိုက်ဘူး..''

" ထွေးနုကလည်း.. ''!!

ဗိုက်လုံးလေးကိုကိုင်ပြီး
စူပုတ်ပြနေပြန်တော့ထွေးနုစိတ်မကောင်း။
ပြသနာဖြစ်ပြီးနှစ်ရက်လောက်တိတိ
အရိုက်ခံထားရလို့ရောင်ကိုင်းနေတဲ့
ခြေထောက်ကြီးနဲ့သူတို့အားလုံး
သူကြီးယာခင်းပေါင်းရှင်းသွားခဲ့ကြရသည်။

ယောက္ခမတောင်မချန်။ဒီဗိုက်လေးနဲ့
ပတ်သက်ရင်အပစ်ပေးတတ်တဲ့
သူကြီးကြောင့်အပစ်ပေးခံကာလပြီးတာတောင်
သူကြီးအိမ်ရှေ့ဘက်ဖြတ်မလျှောက်ရဲ
တဲ့အထိလန့်နေရတုန်း။

လန့်နေလို့မတွေ့ဘဲရှောင်
နေကာမှဆိုက်ဆိုက်မြိုက်မြိုက်
အိမ်ရောက်လာတဲ့အမွှေထိုး
ဗိုက်လေး​ကြောင့်ပုန်းစရာနေရာပင်
ထွေးနုပြေးရှာရသည်။

ပြေးပေါက်မရှိတဲ့သူ့ကိုမိသွားတဲ့
လက်ရာကအိမ်အတင်းခေါ်နေတာမို့
ထွေးနုမှာခေါင်းပြုတ်ထွက်မတတ်
ခါယမ်းနေရပြန်သည်။

အခုမှအနာပျောက်တာမို့
နားပါရစေအုန်းသူကြီးလင်ဗိုက်လုံးလေးရယ်။

" ထွေးနု...ကျုပ်ကိုမချစ်ဘူးလား''?

" ချစ်..ချစ်တော့ချစ်တယ်လေ
လက်ရာရယ်..ဒါပေမဲ့
ငါနင့်ကိုကြောက်လည်း..
ကြောက်နေတယ်ဟ.. !''

" ငါ့ကိုကြောက်ရအောင်..ငါက
အရင်လိုဆိုးသွမ်းနေတော့တာလည်းမဟုတ်ဘဲ
ချစ်စရာကောင်းအောင်..နေနေတယ်လေဟာ''

" ငါလည်းအရင်းကလင်းလက်ရာကို
မကြောက်ဘူး.အခုသူကြီးလင်
လင်းလက်ရာကိုဘဲကြောက်တာ..''

" ဟွန့်.. ငါကဘာလုပ်နေလို့လည်းလို့''!

နှုတ်ခမ်းလေးစူးထှော်ကာ
ငိုမဲ့မဲ့လုပ်ပြနေသူကို
ထွေးနုအသည်းယားနေမိသည်။
သို့သော်..

" ဘာလုပ်နေလို့လည်းဆိုတော့
အရင်လိုပြောရင်ပြောတဲ့အတိုင်း
လုပ်တတ်တဲ့လင်းလက်ရာမဟုတ်တော့လို့ဘဲ
အရင်ကဆိုလေ..ငါကာကွယ်ပေးမယ်
မစိုးရိမ်နဲ့လို့နင်တစ်ခွန်းပြောလိုက်ရင်
ငါတို့တွေဘာနောက်ဆံတင်းပြီး
စိုးရိမ်စရာကိုမလိုတော့တာ''

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now