|| 59 ||

10.2K 511 4
                                    

Unicode

ဒီပွဲက ကျုပ်မျှော်လင့်
နေဆုံးပွဲတစ်ပွဲလို့ပြောရင်
မှန်လိမ့်မည်။

သားလေးရဲ့ကင်ပွန်းတပ်ပွဲထက်
ဒီလမ်းဖွင့်ပွဲကိုကျုပ်ပိုမျှော်လင့်
နေမိတာ။ဘာလို့ဆိုဒီပွဲက
မောင်ပြောတဲ့ကိုဖိုးသောက်နဲ့
ထက်မြက်ကျော်တို့ပြန်လာမဲ့
နေ့ဖြစ်နေလို့ဘဲ။

မတည့်တဲ့အချိန်တုန်းကသူ့အသံ
တောင်ကိုယ်မကြားခြင်ဖြစ်ခဲ့ဖူး
ပေမဲ့အကောင်းအဆိုးဒွန်တွဲလုပ်ကိုင်
ခဲ့ဖူးတဲ့ခင်မင်သူတွေဖြစ်ချိန်မှာတော့
သူထွက်သွားဒါကိုလက်မခံနိုင်သူပြန်လာ
ဖို့သာဆုတောင်းနေမိပြန်တယ်။

ကျုပ်မျှော်နေတယ်ဆိုတာဒါ
မောင်သိရင်ပြောမလားဘဲ။
မောင့်ကိုပြစ်ပြီးသူ့ကိုချစ်တော့မလို့လား
လို့လေ။ဟက်...ဘာလို့ဆို
ကိုဖိုးသောက်ကကျုပ်ကိုကြိတ်ကြိုက်
ခဲ့ဖူးသာကို။

" အူဝဲ..အူဝဲ..အူဝဲ ''

" သား.. သားဘာလို့
အရမ်းငိုနေတာလည်းနှင်းနွယ်''

" မသိဘူး..ရော့ရော့..
ကိုယ့်သားကိုယ်ပွေ့တော့
တစ်ကိုယ်လုံးသူ့သေးတွေချွဲ
ကုန်ပြီရရေချိုးပြီးအဝတ်လဲလိုက်အုန်း''

အပျိုကြီးမမသေစိုချွဲသွားဒါကို
ကြည့်ပြီးလက်ရာပြုံးကာခေါင်းခါ
လိုက်မိသေး၏။

သေးတွေချွဲနေတဲ့သားကသူ့လက်ပေါ်
ရောက်တာနဲ့သွားမထွက်သေးတဲ့
သွားဖုံးနီသာရဲလေးတွေပေါ်
အောင်ပြုံးလာလေသည်။

" အားဟာ..အဖေ့သားလေးက
အဖေ့ကိုသိနေတာဘဲ
လက်ပေါ်ရောက်တာနဲ့ပြုံး
နေတော့ဒါဘဲ..''

" မွ... ချစ်လိုက်တာ ''

သေးအနှီးလဲပေးရင်အနမ်းချွေ
လိုက်တော့ခြေလက်သေးသေးလေး
တွေယှက်ကန်လာကာအနမ်းမခံ
နိုင်သူလေးကစတင်ရှုံ့မဲ့လာပါတော့သည်။

" အိုဟို..ဟုတ်ပါတယ်..
ဒီအဖေကနမ်းပြန်ပြီနော့..''

" အဲ..အဲ '

" ဟုတ်ပါတယ်..တိတ်တိတ် ''

တင်ပါးလေးကိုပုတ်ကာချော့
လိုက်တော့မောင့်လိုပါးချိုင့်နက်နက်လေး
နှစ်ဖက်ပေါ်အောင်ပြုံးလာ
ပြန်ရော။

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now