|| 51 ||

9.6K 511 6
                                    

Unicode

Unicode

ငှက်ပျောအူတွေနဲ့ချက်
ထားတဲ့ဟင်းရည်က ငါး
ဟင်းခတ်နိုင်ချင်းနဲ့မို့လားမသိဘူး
သောက်ကောင်းလိုက်တာမှလွန်ရော။

မုန်းဟင်းခါးစားသောက်ပြီး
ချိန်ရောက်တော့အချိန်က
မိုးမှောင်လုတောင်ဖြစ်နေလေပြီ။

လက်ရာဒီနေ့အစားမက်နေတာနဲ့
ရေချိုးဖို့တောင်မေ့သွားသည်။
ညရောက်မှမောင်သတိပေးလို့သာ
ရေမချိုးရသေးတာသတိရလိုက်၏။

" မောင်..ရေကအေးလိုက်တာ
ကျုပ်မချိုးခြင်တော့ဘူး''

" အာ..ဘယ်ရမလဲ
ကလေးရ ချိုးရမှာပေါ့.''

" ဒါဆိုဘယ်လိုလုပ်မလဲ ရေက
အေးစိမ့်နေတာကို''

" မောင်.ရေနွေးနဲ့စပ်ပေးမယ်''

" ဟီး..အဲ့ဒါဆိူချိုးမယ်''

အာဏာသူ့ရဲ့ကိုဗိုက်လေးအတွက်
အိမ်ထဲကရေနွေးအိုးထဲက
ရေနွေးသွားယူကာခပ်ထားပေးတဲ့
ရေပုံးထဲရောပေးလိုက်သည်။

အေးစိမ့်နေတဲ့ရေကရေပူ
ရောလိုက်တော့အနည်းငယ်
နွေးသွားသည်။

" ရပြီလား..မောင် ''

" အင်..ခဏစောင့်..အရမ်းပူ
နေမှာစိုးလို့''

" အင်..ရတယ်မပူဘူးချိုးလိုက်တော့မယ်
အကျီ်ချွတ်ထားလို့လားမသိဘူး
ဗိုက်ထဲကကောင်ပေါက်က
ကျုပ်ကိုအသေကန်နေတယ်''

" ပေါက်စ..ကန်တာလား''!

" အင်..ခဏခဏဘဲ''

" မှန်းစမ်း''!

အာဏာဗိုက်လုံးဘေးထံ
လက်တင်ကာသူ့ပေါက်စကန်မကန်
စမ်းသတ်လိုက်သည်။

" ဟာ..တစ်ကယ်ကန်တာဘဲ
ဟက်...ကြည့်ရတာမောင့်ရင်သွေးလေးက
အေးမှကန်တာဖြစ်မယ်''

" မသိဘူး..အခုလောလေယဆယ်
ကျုပ်အေးတာကတစ်မျိုးဒင်းလေး
ကန်တာကတစ်မျိုးနဲ့အီလန်နေပြီ
ရေချိုးတော့မယ်''

ရေချိုးတဲ့ခွက်ဝိုင်းလေးနဲ့
ရေစလုံထဲကရေကိုတစ်ခွက်ပြီး
တစ်ခွက်ခပ်မြန်မြန်ခပ်ချိုးနေသူ။

ကျုပ်စိတ်ဘဲထင်နေတာလား။
ဘာလဲတော့မသိဘူး။ဒီနေ့ရွာကြီးက
ပုံမှန်ထက်တိတ်ဆိတ်နေတယ်။

သူကြီး..လင်.. (unicode./ zawgyi) Unde poveștirile trăiesc. Descoperă acum