|| 35 ||

12K 583 16
                                    

Unicode

ပုံမှန်ထက်တင်းမာနေတဲ့အခြေအနေက
ကျောချမ်းခြင်စရာ။ကဇွန်းရွက်ကို
ဇလုံထဲတင်ထည့်နေတဲ့မောင်က
ဆောင့်ဆောင့်အောင့်အောင့်နှင့်။

" မောင်.. ! "

" ..... ''

" မောင်လို့... ''!!

" .... ''

လက်ရာခေါ်နေပေမဲ့ မောင်ကတော့
ကဇွန်းရွက်ကိုဆောင့်ဆောင့်အောင့်အောင့်နဲ့
တင်နေဆဲ။

ကြာလာတော့ကိုလက်ရာတို့
နှုတ်ခမ်းကြီးစူလာတော့သည်။
ခေါ်တာကိုပြန်မထူးတဲ့မောင်​ကြောင့်
စိတ်ထဲဝမ်းနည်းစိတ်ကြီးက
အသက်ရူပါမွန်းကြပ်လာလေပြီ။

မောင်..မနေ့ကကိစ္စကို
စိတ်ဆိုးသွားဒါသိတယ်။မသိစရာလည်း
မရှိပါဘူး။ဘာလို့ဆိုမနေ့ညက
အခန်းထဲတောင် မောင်ပြန်လာမအိပ်ဘူး။
အခါတိုင်းနေ့တွေဆိုသူ့ကိုရင်ခွင်ထဲ
ထည့်အိပ်နေကြမောင်မရှိတော့သူလည်း
တစ်ညလုံးကောင်းကောင်းအိပ်မပျော်ခဲ့ဘူး။

စိတ်ကောက်နေသူကိုချက်ခြင်း
ပြန်လျော့ခြင်ပေမဲ့လည်း
မောင့်အလိုကိုမလိုက်နိုင်တော့
မချော့ဘဲနေခဲ့မိတာ။မနက်မိုးလင်းရင်
မောင်စိတ်ဆိုးပြေမယ်ထင်မိလို့ပါလေ။

အခုအခြေအနေက သူထင်သလို
စိတ်ဆိုးမပြေတဲ့အပြင်ပိုဆိုးနေတဲ့
အခြေအနေ။

".. ဟင့်.. !! မောင်လို့.. ''!

သူဘယ်လိုပုံစံနဲ့ဘဲခေါ်ခေါ်
လုံးဝပြန်မထူးဘဲသူအလုပ်ကိုဘဲ
သူလုပ်နေသူကြောင့်ဝမ်းနည်းစိတ်တွေ
ပိုလို့ရင်ထဲကြီးစိုးလာကာမျက်ရည်လေးများပါ
ဝဲတက်လာရသည်။

" ဟင့်.!! ""

ရှိုက်သံလေးနဲ့ အနားကထွက်သွားသူကြောင့်
အာဏာ လက်ထဲက ကဇွန်းရွက်ကိုချကာ
လှေကားပေါက်နားမှာထိုင်နေတဲ့
ကျောပြင်သေးသေးလေးကိုကြည့်ပြီး
ပြုံးလိုက်သည်။

ဒီကလေး ဗိုက်ကြီးမှ မျက်ရည်တွေက
လွယ်လာလိုက်တာ။အမှန်တော့သူလည်း
ဒီဗိုက်လေးကိုမကောက်ခြင်ပါဘူး။

ပြန်အချော့ခံခြင်လို့တာကောက်နေမိတာ။
ညကတည်းကသူလေးလာချော့မလားလို့
အခန်းပေါက်နားမှာခြေထောက်တိုမတတ်
ပတ်လျှောက်နေတာကိုသူလေးကတော့
ပြန်မချော့တဲ့အပြင်အိပ်ယာပေါ်မှာ
ကွေးကွေးလေးအိပ်လို့။

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now