|| 57 ||

10.3K 521 4
                                    

Unicode

" အကို.ခဏက ဘာပြောလိုက်တာ''?

" ဟမ် ''!

ကောင်လေးရဲ့ မျက်လုံးပြူး
မျက်ဆံပြူးအမေးကြောင့်
မျိုးမင်းခဏသာကြောင်သွား
ပြီးသူဘာပြောလိုက်မိတာလဲဟူသည့်
ပုံစံမျိုးဖြင့်ကြည့်လိုက်လေသည်။

" ခဏကလေ..အကို
ကိုယ့်ကိုကိုယ်ဘယ်လိုသုံး
လိုက်တာ''

မျိုးမင်းမျက်မှောင်ကျုတ်ကာ
စဥ်းစားလိုက်မိသည်။

ဖြတ်ကနဲ့ပြေးဝင်သွားတဲ့ဦးနှောက်ထဲက
စကားလုံးတစ်ချို့ကြောင့်အညိုဆင်လေး
ကိုမျက်နှာချိုသွေးကာ။

" ကိုယ်စတာ..ဟီး..မောင်လို့
အသုံးမှားသွားဒါ..လက်ရာက
အမြဲတမ်းသူကြီးကိုမောင်လို့
ေခါ်နေတော့ပါးစပ်ကစွဲပြီး''

" ကျွန်တော်ကြိုက်တယ် ''

" ဟမ် ''!

" အကို့..မောင်လို့ ကိုယ့်ကိုကိုယ်
သုံးတာကိုကျွန်တော်ကြိုက်တယ်လို့
ကျွန်တော်လည်းနောက်ဆိုမောင်
လို့ဘဲခေါ်မယ်။အကိုလည်းမောင်လို့ဘဲသုံး''

" အာ.. ''

ရုတ်တစ်ရက်ထွက်သွားမိတဲ့စကား
တစ်လုံးကသူတို့နှစ်ယောက်ကြားက
နံစားလေးနစ်ခုဖြစ်သွားခဲ့တော့သည်။

ရင်ခွင်ပေါ်ခေါင်းတင်ကာ
မှေးမိတ်လာတဲ့ကောင်လေး
ဦးခေါင်းထက်ကနူးညံတဲ့ဆံ
နွယ်လေးလေးကြားလက်လျှို
သွင်းကာထိုးဖွပေးရင်း
ကြည်နူးနေသူကတော့
အရင်ကအချစ်ငတ်သူလေး
မျိုးမင်းပင်ဖြစ်သည်။
.
.
. " အဌေး..ငါ.ကြာပန်းဝတ်ဆံ
စားခြင်တယ်''

" ဟမ်. !. ဟက်..ဘာလဲ
လက်ရာ..ကြာပန်းဝတ်ဆံစား
ခြင်တာက.ကိုယ်ဝန်ရှိလို့ဆိုတော့
ဟဲ.ကိုယ်လဲကလေးရတော့မှာများလား''

" အား.. !!ဘာလို့ရိုက်တာလဲ ''?

" စိတ်ကူးတွေယဥ်မနေနဲ့
ဒီအတိုင်းစားခြင်လို့ပြောလိုက်တာ
အဲ့လောက်အထိကလေးရခြင်နေရင်
ကလေးမွေးပေးနိုင်တဲ့ မိန်းမကို
သွားယူငါ့ကိုလာမယူနဲ့''

စိတ်ကောက်ကာကြာကန်အရှေ့က
လျှောက်သွားသူလေးကြောင့်
အဌေးလက်ကိုအမြန်ပြန်ဆွဲတား
လိုက်ရသည်။

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now