|| 52 ||

9.3K 503 6
                                    

Unicode

မီးလောင်တဲ့နေရာရောက်တော့
မီးလောင်ရတဲ့အကြောင်းအရင်း
ကိုအာဏာသိလိုက်ရသည်။

စျေးကြီးတဲ့ရေနံဆီကို
အသုံးပြုပြီးလူနေအိမ်တွေကို
တစ်မင်မီးရှို့သွားတာဘဲ။

" သူကြီး..''!!

အာဏာ ငိုနေတဲ့ရွာသားတွေအနား
ရပ်နေစဥ်သူ့ဆီပြေးလာတဲ့
မျိုးမင်းကြောင့်။

" ဘယ်လိုလည်းမျိုးမင်း..
အိမ်ဘယ်နှစ်လုံးပါသွားလည်း''

" အားလုံးကိုးလုံးပါသွာတယ်
မီးစွဲစအိမ်ကတစ်အိမ်ရှိသေးတော့
စုစုပေါင်းဆယ်အိမ်ညားတယ်သူကြီး''

" ကျစ်..!! အခု ငါပြောသလို
စီစဥ်ခဲ့လား..ဘုန်းကြီးကျောင်းမှာ
ခဏနေဖို့ဆန့်တယ်မလား''

" ဆန့်လောက်တယ်..ကျုပ်တို့
ဇရပ်ကြီးတွေမှာပါမကျန်
သူတို့နေဖို့စ်စဥ်လိုက်ပါ့မယ်''

" ကောင်းတယ်မျိုးမင်း..အားလုံးနီးပါးက
ဘားမှမရလိုက်အောင်ကိုအိမ်တိုင်တွေပါ
မီးကျွမ်းကုန်ကြတော့ဝတ်စရာ
အဝတ်တောင်သူတို့မရှိကြတော့ဘူး
အားလုံးအဆင်ပြေအောင်စီစဥ်
ေပးလိုက်ပါ..လိုအပ်တဲ့ငွေတွေကို
ရွာလမ်းပြင်ဖို့အလူခံထားတဲ့
ငွေထဲကငါချေးပြီးမင့်ကိုပေးလိုက်မယ်''

" ဟုတ်ကဲ့ သူကြီး''

" သူကြီး.. !! "

" အဌေး.. ''

အဌေးနဲ့မျိုးမင်းကိုအလုပ်တစ်ခုစီ
ခိုင်းလိုက်တာမို့မျိုးမင်းကလည်း
သူ့ကိုခိုင်းလိုက်တဲ့အပိုင်းကိုအဌေး
ရောက်လာတာနဲ့သွားလုပ်တော့သည်။

" ဘယ်လိုလည်း ''

" သူကြီးထင်ဒါမှန်တယ် သုဘရာဇာ
ကြီးပြောတယ်..ဦးထွန်းသောက်က
ကျုပ်တို့စုံစမ်းနေတဲ့ဓားပြဗိုလ်ဘဲ''

" ဟက်..! "

အာဏာ ခပ်ဟဟလေး
လှောင်းပြုံးပြံးလိုက်သည်။

ကျုပ်ရွာကိုဖျက်ဆီးတဲ့ခများ
ကျုပ်လက်ကမလွှတ်စေရပါဘူး
ဦးထွန်းသောက်ရာ။

ဓားပြတိုက်လုယက် ရုံအားမရ
အကုသိုလ်ပေါ်အကုသိုလ်ဆင့်
လူနေအိမ်ကိုပါမီးလာရှို့တယ်ဆိုတော့
ခများသိပ်ကိုလွန်သွားပြီ။

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now