[ 21 ]

13.4K 663 16
                                    

Unicode

[ 21 ]

လင်းကြက်တွန်သံ ကြောင့်
အာဏာ..အိပ်ပျော်နေရာကနိုးသွားသည်။
လစ်ဟာနေတဲ့နံဘေးက
အိပ်ယာကြောင့် ကလေးငယ်မနက်အစောကြီး
ထပြန်သွားမှန်းသိလိုက်တယ်။

ဒီတစ်ကြိမ်တော့ကလေးငယ်..သူ့ထက်လျှင်သွားပြီ။
မနေ့ကလိုအဖြစ်မခံနိုင်လို့အစောကြီး
ထပြန်သွားတယ်။အာဏာ..မျက်နှာထက်
အပြုံးတစ်ခုနဲ့ခန္ဓာကိုယ်ပေါ်လွှားတင်ထားတဲ့
စောင်ကိုဖယ်ပြီးချွတ်ထားတဲ့ပုဆိုးကိုပြန်
ဝတ်ကာအိပ်ယာကထလိုက်တယ်။

အရင်ကလိုမနက်အစောကြီးထ
ဆွမ်းချက်တတ်တဲ့သမီးမရှိတော့
အိမ်ကြီးကတစ်ခုခုလိုနေသလို။
ေရနွေးအိုးအစောကြီးတည်ပြီး
အဖေ..ရေနွေးကြမ်းရပြီး..ဆိုတဲ့
အပြောလေးကိုလည်းသတိရမိသည်။

အခုချိန်သူ့သမီးလေးဘယ်လိုနေမလည်း။
ကျန်းမာရဲ့လား။ခွေးကောင်ဖိုးသောက်ရဲ့
နှိပ်စက်ငြင်းပန်းမှု့ကိုကောခံနေရမလား။
တွေးရင်နဲ့စိတ်တွေက လေးလာမိတယ်။
ကိုယ့်သွေးသားဘဲ..စိတ်မပူရိုး
ဘယ်ရှိပါ့မလဲ။မသက်သာလို့တစ်ခဏသာ
ငြိမ်ခံနေရပေမဲ့အခွင့်သာဒါနဲ့
အဖေ့သမီးကိုအဖေရအောင်
ပြန်ကယ်မှာပါ။အဲ့ဒီအချိန်ထိတောင့်ခံ
ထားပေးပါအဖေ့သမီး။

အာဏာ သမီးကြောင့်ဆို့တက်လာတဲ့
ရင်ထဲကနာကျဥ်မှု့ကိုအားတင်ကာဖြေဖျောက်ပြီး
ညစ်ပတ်နေတဲ့ခန္ဓာကိုယ်ကိုသန့်ရှင်းအောင်
ရေချိုးလိုက်သည်။

ရေချိုးပြီးခဏကြာတော့ရွာထဲက
စျေးသည်တွေစျေးရောင်ထွက်လာကြတဲ့
အသံတွေကိုကြားလိုက်ရတယ်။

" သူကြီး..ကြက်သားခုတ်သား
ပါတယ်..ယူထားအုန်းမလား''?

ကြက်သားကလက်ရာအကြိုက်မို့
မပြောင်းဆီမှာတစ်ရက်ခြာမှာယူ
နေကြ။ကိုယ့်ဆီကဝယ်သွားတဲ့
ကြက်တွေကိုမပြောင်းယောကျာ်းက
အမွှေးနှုတ်ခုတ်စဥ်းပြီးမပြောင်းကို
စျေးထဲမှာပြန်ရောင်ခိုင်းတာ။

" မယူတော့ဘူး..မပြောင်း
သမီးမရှိတော့..ချက်တဲ့လူမရှိဘူး...စားမဲ့
လူကလည်းသူအိမ်သူပြန်သွားပြီလေ''

သူကြီး..လင်.. (unicode./ zawgyi) Where stories live. Discover now