Intro🪶

46.3K 2.8K 634
                                    

December 30 ။

"Congratulations KimTaeHyung!!!!"
နောက်ဆုံးတော့ MinYoongiကိုလက်ထပ်နိုင်ခဲ့ပြီ"

အဖြူရောင်မင်္ဂလာအခမ်းအနားတစ်ခုတွင်
Yoongi၏နှုတ်ခမ်းတွေအားအရှိန်ဖြင့်ခိုနားပြီးနောက်TaeHyungအသံအကျယ်ကြီး
ထွက်ပေါ်လာတဲ့အခါမင်္ဂလာဆောင်ကသူငယ်ချင်း
တချို့၏မျက်နှာတွေသည်ရှုံ့မဲ့သွားကြသည်။
သတို့သားMinYoongiလည်းအပါအဝင်။

"ထိန်းဦး လူတွေအများကြီးပဲ"

"ဘာဖြစ်လဲ နမ်းမှာပဲ"

"မင်္ဂလာဆောင်ရတာငါစိတ်ရှုပ်တယ်"

Yoongi ကအနေအလွန်တည်လွန်းတဲ့သူမို့
လူကြီးဆန်လွန်းတဲ့သူမို့ Kimရဲ့ တစ်ခါတလေ
ဗရုတ်ဗရက်အပြုအမူတွေ၏ဒဏ်ကို
ရုပ်တည်ကြီးဖြင့်လှိမ့်ပိန့်ခံနေရ၏။

"အစ်ကို မပျော်ဘူးလား....."

အဖြူရောင်တွေဝတ်တိုင်းနတ်သားတစ်ပါးနှင့်
မခြားတော့သောKimရဲ့နွေးထွေးစွာကြည့်ရင်း
မေးလာသောမေးခွန်းကိုYoongiက ခပ်တည်တည်ပဲ
ပြန်ကြည့်ရင်းဖြေသည်။

"မပျော်ဘဲနေမလား...."

"အဲ့တာကို ဘာတွေငြိုငြင်...."

"လူတွေရှေ့မှာငါ့Imageတွေကျလို့...."

"မင်္ဂလာဆောင်တဲ့အချိန်တော့မချေနဲ့လေဗျာ
အစ်ကို တည်ငြိမ်ရင့်ကျက်တာဒီကလူတွေ
အားလုံးသိတာပဲကို..."

"သိသိ အေးဆေးနေ မျက်စိနောက်တယ်..."

"မချစ်လို့လား...."

"ချစ်တယ်....ချစ်လို့ အာရုံတွေမနောက်စမ်းနဲ့"

ကျောင်းတုန်းထဲက ရေခဲတုံးနောက်
တကောက်ကောက်လိုက်နှစ်ပေါင်းများစွာ
Crushခဲ့တဲ့Kimဟာတစ်ဦးတစ်ယောက်ထဲကို
ပဲချစ်ခဲ့ပြီးတစ်ဦးတစ်ယောက်ထဲကိုပဲလက်ထပ််ခဲ့သည်။
Yoongi နဲ့ လက်ထပ်ဖို့အထိဖြစ်လာရတဲ့အချိန်ကို
အချိန်ရှစ်နှစ်လောက်ယူခဲ့ရသည်။

ဘယ်လိုတွေဗရုတ်ဗရက်တွေနဲ့ နောက်ဆုံးမင်္ဂလာ
ဆောင်သည်အထိဖြစ်လာခဲ့ရသောအခြေအနေကို
ဒီပွဲထဲရှိ တက္ကသိုလ်တုန်းကသူငယ်ချင်းဟောင်း
တွေအားလုံးသိကြ၏။ဘာလိုပဲဖြစ်ဖြစ်ဒီနေ့လေး
ဟာအလွန်ကြည်နူးဖွယ်ရာပါ။

အက်ကြောင်းကဗျာ🍂Where stories live. Discover now