အပိုင်း(၂၂)

14.2K 1.9K 847
                                    

"ဘာလို့ ဒီကိုခေါ်လာတာလဲ..."

၁၈နှစ်အရွယ်ကျောင်းUniform ဆင်တူလေး
တွေနဲ့ကောင်လေးနှစ်ယောက်ထဲကတစ်ယောက်သည်
မဟုတ်တာတစ်ခုခုကြိတ်လုပ်ဖို့ကိုရည်ရွယ်နေဟန်
တူသည်။

ပါးဖောင်းဖောင်းလေးတွေပိုင်ဆိုင်ထားတဲ့
ကောင်လေး၏စက်ဘီးအားကျောင်းဆင်းချိန်
တွင်ပိတ်တားကာ ဟန်မြစ်ကမ်းဘေးနားကို
ခေါ်လာခဲ့သည်။

"ချိိန်းတွေ့ချင်လို့လေ....ကျောင်းဆင်း
မင်းကအိမ်ပြန် ပြီးရင်စာကျက်ရော
ရည်းစားဖြစ်ပြီး ငါဘာမှလည်းမလုပ်ရဘူး"

"ဘာတွေပြောနေတာလဲ...."

"ရည်းစားဖြစ်တဲ့ညကနမ်းရတာလည်း
သိပ်မနမ်းရဲတော့ခဏလေးရယ်
ငါအသက်ပြည့်နေပြီJimin...."

"ငါမင်းအိမ်လာတယ်လေ..."

"အမေနဲ့...ငါဘာမှမလုပ်ရဲဘူး..."

"တအားဖြစ်နေတာပဲ....."

"ချစ်တာကို...."

စက်ဘီးကိုင်ထားတဲ့ကောင်လေး၏ပါးဖောင်း
ဖောင်းလေးတွေအားဖျစ်ကာအသဲယားတော့
တစ်ဖက်ကလည်းကျေနပ်စွာပြုံးသည်။

"၆နာရီတော့ပြန်ရမှာပဲငါ့အမေ့ကို
အပိုချိန်လို့လိမ်လိုက်မယ် ခဏတော့
ထိုင်လို့ရတယ်..."

"လူလိမ်လေးကို ချစ်တာ အဲ့တာလေးတွေ...."

"မင်းနဲ့ကြိုက်ပြီးထဲက
လိမ်ရတာလည်းအရမ်းများနေပြီ"

"ရည်းစားထားရင်တော့အနည်းအများလိမ်ရ
တာပဲ ဒါကပုံမှန်အခြေအနေပါ စိတ်မညစ်နဲ့.."

"မညစ်ပါဘူး..ပျော်ဖို့ကောင်းတာပဲကို.."

စက်ဘီးလေးရပ်လိုက်ကာလူရှင်းသော
နေရာအကွယ်လေးတစ်ခုတွင်အတူတူထိုင်
လိုက်ကြသည်။တိုက်ခတ်လာသောလေအေးအေး
လေးတွေနှင့်ပတ်ဝန်းကျင်သည်လှလှပပလေး။
နေဝင်ဆည်းဆာမလို့လွမ်းမောဖွယ်လည်း
ကောင်းနေခဲ့သည်။

Jeon သည် ထိုင်လိုက်သည်နှင့်Jimin
ရဲ့ပုခုံးလေးတွေအားပွေ့ဖက်လာသည်။
JiminကJeon ရင်ခွင်ထဲမရောက်တရောက်မှီတွယ်
ထားကာကျောင်းဝတ်စုံကNecktie လေးကို
ဆော့ကစားနေသည်။

အက်ကြောင်းကဗျာ🍂Where stories live. Discover now