အပိုင်း(၁၂)

12.1K 1.7K 466
                                    

"မေမေ အမဲသားစွပ်ပြုတ်လေးသောက်ချင်လို့Jeon"

အခန်းထဲတွင်ရှိနေတုန်းတံခါးဝတွင်နေကောင်းနေပုံ
ရသောမေမေသည်ကလေးတစ်ယောက်လို
စားစရာလေးတစ်ခုကိုလာပူဆာတာကြောင့်ရေချိုး
ပြီးခါစJeonဟာအမြန်အဆန်အင်္ကျီဝတ်လိုက်
ပြီးမေမေ့ဆီပြေးသွားသည်။

"ခု သွားဝယ်ပေးမယ်နော်..."

"ရတယ်...ခဏနေမှသွားလည်း Jeonခုတလော
ပိန်သွားတယ် ကျောင်းစာတွေတွေခက်နေလို့လား"

ကျွန်တော်ဘွဲ့ယူပြီးပြီလေလို့မဖြေတော့။မေမေ့ကို
တွဲကာဧည့်ခန်းထဲကိုခေါ်သွားလိုက်သည်။
မေမေဟာ နေလို့ကောင်းနေ၍သူနဲ့စကားပြော
ချင်ပုံရသည်။သားအမိနှစ်ယောက်ထဲအိမ်ကျဉ်းကျဉ်း
လေးထဲ မေမေလည်းနေလို့မသာရင်သူ့ဟာသူ
နားနေတတ်ကာJeonကလည်းတစ်ဖက်မှာ
အလုပ်ရှုပ်နေရင်း ခုလိုလေးစကားပြောရသော
အချိန်တွေဟာ ဒီနှစ်ပိုင်းတွေမှာရှားပါခဲ့ပါ၏။

"ပိန်တာမဟုတ်ဘူး ကြည့်လို့ကောင်းလာတာပါ
မေမေ ဗိုက်ဆာနေရင် ကျွန်တော်ခုသွားဝယ်မယ်လေ"

"ဒီလ ပိုက်ဆံတွေလောက်ငှရဲ့လား ...."

အမေ့အစ်ကို ဦးလေး၏ထောက်ပံ့ပေးမှုအပေါ်
ရပ်တည်ခဲ့ရတာကြောင့် တစ်လနဲ့တစ်လကို
Jeonကအထက်တန်းကျောင်းသားဘဝထဲက
အမေ့ကျန်းမာရေး စားစရိတ် ပညာရေးစရိတ်
အားလုံးအားလုံးကိုသူစီမံခန့်ခွဲရသည်။
မလောက်ငှရင်အချ်ိန်ပိုင်းအလုပ်တွေနဲ့
ရုန်းကန်ခဲ့ရသည်။လိုအပ်တာထက်ပိုနေတဲ့
ရင့်ကျက်မှုတွေဟာ ဖြတ်သန်းခဲ့ရသောဘဝ
အနေအထားနဲ့လည်းအများကြီးသက်ဆိုင်ခဲ့ပါလိမ့်မည်။

"ကျွန်တော် ဝင်ငွေကောင်းကောင်းရှိနေပြီ
မေမေ...မေမေစားစရာလေးတစ်ခုအပေါ်
တိုင်းထွာနေဖို့မလိုတော့ပါဘူး...ကျွန်တော်
သီချင်းတွေရေး ဆိုတာ ပိုက်ဆံတွေရတယ်
နောက်နှစ်လောက်ဆို အရှိန်ရသွားရင်
နေရာတစ်ခုသေချာသွားရင် ဦးလေးအထောက်အပံ့
တောင်ယူစရာမလိုတော့ပါဘူး ..."

"ဟုတ်လား...."

"ဟုတ်တာပေါ့..အမေ့သားကနည်းနည်းတော်ပါတယ်"

အက်ကြောင်းကဗျာ🍂Where stories live. Discover now